Tuesday 3 September 2013

ကိုယ်ဝန်ဆောင် ကာလ ခေါင်းကိုက် သက်သာစေရန်



ကိုယ်ဝန်ဆောင် ကာလ ခေါင်းကိုက် သက်သာစေရန်

- အိပ်ရေး၀၀ အိပ်ပါ။ အချိန်တော်တော် များများကို သက်သောင့်သက်သာ ရှိနေပါစေ ။
- ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာ နှင့် မုန့်ပဲ သရေစာ များကို ပုံမှန်စားသောက်ပါ။ သွေးတွင်း သကြားဓါတ် နည်းပါက ခေါင်းကိုက်
ရောဂါ ဖြစ်စေတတ်သည်။
- အရည်များများ သောက်ပေးပါ။
- ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ပေးပါ။
- ခေါင်းကိုက် ရောဂါ ဖြစ်ခြင်းမှ ကာကွယ်ပေးရန် အထောက်အကူ ပြုသည့် အနေဖြင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး လျှော့ပါ။
- ကိုယ်နေအဟန် အတားကို စနစ်တကျ ရှိပါစေ။
- ကဖင်းဓာတ် စားသုံးမှုကို စိစစ်ပါ။ သို့သော် ကဖင်း ဓါတ်အားလုံးကို စားသောက်ခြင်းမှ ရုတ်ချည်း မရပ်ပါနှင့် ။ ကဖင်းဓါတ် စားသောက်ခြင်း
သည် ခေါင်းကိုက် ရောဂါ ပျောက်ကင်းမှု အကြောင်းရင်းလည်း ဖြစ်စေ တတ်ပါသည် ။

No comments:

Post a Comment