Tuesday 3 September 2013

စုဘူးလေးတွေ အတွက် အစားအစာလမ်းညွှန်



စုဘူးလေးတွေ အတွက် အစားအစာလမ်းညွှန်

ကိုယ်ဝန်ရှိမှန်း သိတဲ့အချိန်ကစလို့ မိခင်လောင်းတွေဟာ မိမိရဲ့   စားသောက်မှုပုံစံကို စတင်ဂရုစိုက် ရပါတော့မယ်။ မိခင် စားသောက်သမျှ ကလေးပေါ်မှာ အများကြီး အကျိုးသက်ရောက်ပါတယ်။  အထူးသဖြင့် ကိုယ်ဝန်ပထမ ၃လမှာ မိခင်က အာဟာရပြည့်ဝစွာ စားသောက်မှ ကလေး ဥာဏ်ကောင်းပြီး ကြီးပြင်းလာရင်လဲ အရပ်မြင့်လာနိုင်မယ်တဲ့။ တကယ်လို့ မိခင်စားတဲ့ အစားအစာထဲမှာ အာဟာရဓာတ်တွေ လုံလောက်စွာ မပါရင်တော့ ဗိုက်ထဲက ကလေးငယ်ဟာ သူကြီးထွားဖို့ လိုအပ်တဲ့ အာဟာရတွေကို မိခင်ခန္ဓာကိုယ်ကနေ ရယူ ရတော့တာပေါ့။ ဥပမာ မိခင်ဟာ ကယ်ဆီယမ်တွေကို လုံလောက်စွာမစားရင် ကလေးငယ်ဟာ မိခင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်ဆီယမ်တွေကို ရယူပါတော့တယ်။ ဒါကြောင့် မိခင်ရဲ့ အရိုးတွေ၊ သွားတွေဟာ အားနည်းလာပါတယ်။ နောက်ဆုံး ကလေးရော မိခင်ပါ ထိခိုက်နိုင်ပါတယ်။


အဲဒီတော့ ကိုယ်ဝန်စရှိတဲ့ အချိန်ကစပြီး ဘယ်လို အစားအစာတွေကို စားသုံးရမယ်ဆိုတာကို လေ့လာကြရအောင်နော်။

ကိုယ်ဝန်ဆောင်တို့အတွက် အရေးကြီးတဲ့ အာဟာရဓာတ်များ         

 Vitamin A , E , သံဓာတ် , ပိုတတ်ဆီယမ်နဲ့ ဖောလစ်အက်စစ်တွေဟာ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အရေးအကြီး ဆုံးကတော့ သံဓာတ်နဲ့ ဖောလစ်အက်စစ်ပါ။ ဖောလစ်အက်စစ်ဟာ ကလေးရဲ့အာရုံကြော အဖွဲ့အစည်း ကောင်းစွာဖြစ်ပေါ်ဖို့အရေးကြီးသလို မွေးရာပါ နှုတ်ခမ်းကွဲနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ် ပိုမိုလိုအပ်လို့ သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါကို ပိုမိုခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့အားဆေးတွေကို ဆရာဝန်တွေက ညွှန်ကြားပေးပါတယ်။

ဒါပေမယ့် လတ်ဆတ်တဲ့ သဘာဝ အစားအစာတွေထက် ဘယ်အရာကမှ ပိုမကောင်းပါဘူး။

ဒါ့အပြင် တန်ဆေး၊ လွန်ဘေး ဆိုတာကိုလည်း သတိပြုရမှာပါ။

ဘယ်အားဆေးမဆို အလွန်အမင်း သောက်သုံးမိလျှင် ကလေးကိုပါ ထိခိုက်နိုင်လို့ပါ။

တိုင်းရင်းဆေးတွေဟာလည်း ကလေးအပေါ်မှာ အကျိုးသက်ရောက်မှုကို မလေ့လာထားလို့ ရှောင်ကြဉ်သင့်ပါတယ်။

ဆရာဝန် ညွှန်ကြားတဲ့ဆေးကိုသာ သောက်သုံးပါ။

စုဘူးလေးတွေအတွက် နေ့စဉ်အာဟာရအကြံပြုချက်

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ သင့်ကလေး ကောင်းစွာဖွံ့ဖြိုးနိုင်စေရန် အာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို မျှတစွာစားသုံးဖို့ ဂရုစိုက်ပါ။

 ရေများများသောက်ပါ။

ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ဗိုက်ထဲက ကလေးငယ်အတွက် လိုအပ်တဲ့အာဟာရတွေ အပြည့်အ၀ပါဝင်တဲ့ စားစရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

- နှံစားသီးနှံများ၊ နှံစားသီးနှံများနဲ့ ပြုလုပ်ထားတဲ့ စားစရာများ ဥပမာ- ပေါင်မုန့်
- လိမ္မော်ရောင် အစားအစာများ  မုန်လာဥ ၊ ကန်စွန်းဥ ၊ ရွှေဖရုံသီး
- အစိမ်းရင့်ရောင် အရွက်များ  ဟင်းနုနယ်၊ ဆလတ်ရွက်၊ ကန်စွန်းရွက်၊ ကိုက်လန်
- သခွားသီး၊ ခရမ်းချဉ်သီး စတဲ့ ဟင်းသီးဟင်းရွက်များ
- သစ်သီးများ
- နိုနဲ့ နို့ထွက်ပစ္စည်းများ
- ပဲအမျိုးမျိုး
- အမဲသား၊ ၀က်သား၊ ကြက်သား
- ငါးအမျိုးမျိုး နှင့်

ရှောင်ကြဉ်ရမယ့် စားစရာတွေကတော့

  အချိုနဲ့အဆီများတဲ့စားစရာများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါနဲ့ အရက်တွေပဲ ဖြစ်ပါတယ်။

No comments:

Post a Comment