Tuesday 3 September 2013

မိခင်လောင်း တစ်ဦးအတွက် စိတ်ဖိစီးမှုများကို ဖြေရှင်းနည်းများ



မိခင်လောင်း တစ်ဦးအတွက် စိတ်ဖိစီးမှုများကို ဖြေရှင်းနည်းများ

ကလေး တွေ ဟာ ကလေး ထိန်း လမ်းညွှန် နည်း စာအုပ် နဲ့ အတူ မွေးလာ ကြတာ မဟုတ် ပါဘူး။  မွေးကင်း စ ကလေးငယ်ကို ထိန်းရတဲ့ နေ့စဉ်ဘဝ ဟာ ဘယ်လိုလဲဆိုတာ သင့်ကို ဘယ်သူမှ မပြောပြနိုင်ပါဘူး။ အကယ် ၍ ပြောပြတဲ့သူ ရှိရင်တောင် သူတို့ ဟာ သင့်မျက်လုံးကို တည့်တည့်ကြည့် ပြီး ရဲဝံ့စွာ ပြောပြရဲမှာမဟုတ်ပါ။ ဘာလို့လဲဆိုတော့ အမှန်တရားဟာ မလှပလို့ပါ။ သင်ကလေးမွေးစဉ် မီးတွင်းထဲမှာနေတုန်းက လာရောက် ဝိုင်းကူညီပေးကြတဲ့ ဆွေမျိုးသားချင်း တွေလည်း သူ့အိမ်သူပြန်သွားကြပြီ။ သင်ဟာ အရမ်းကို ပင်ပန်းလို့နေပြီ။ နို့ရည်ကလည်း တတောက်တောက် နဲ့ကျဆင်းနေလို့ အင်္ကျီတွေမှာပေကုန် နေပါတယ်။ ရေချိုးဖို့တောင် သင့်မှာ သတိမရပါဘူး။ အစာစားခြင်း၊ အဝတ် အစားရွေးခြင်း စတဲ့အလုပ်လေးတွေ ကိုပြုလုပ်ဖို့ အရမ်းကို အားစိုက်ထုတ် နေရပါတယ်။ အခုချိန်မှာ သင်ဟာ မွေးကင်းစ ကလေးငယ်ရဲ့ အာဟာရ၊ လုံခြုံမှု၊ ဂရုစိုက်မှုအားလုံးအတွက် တာဝန်ယူထားရပါပြီ။ မွေးကင်းစ ကလေးငယ်တစ်ယောက်ဟာ သင့် ဘဝထဲကို စိတ်လှုပ်ရှားပျော်ရွှင်မှုများ ပေးစွမ်းနိုင်ပါတယ်။


အဲဒီပျော်ရွှင်မှုတွေ နဲ့အတူ စိတ်ဖိစီးပင်ပန်းမှုတွေပါ ပါလာ နိုင်ပါတယ်။ များစွာသော အသစ်စက်စက် မိခင်တွေဟာ အောက်ပါပြဿနာကို စိုးရိမ်နေလေ့ရှိပါတယ်-

- ကလေးငယ်ကို လုံလောက်တဲ့ နို့ချိုရည် တိုက်ကျွေးရဲ့လား

- ဘာလို့ ခဏခဏ ငိုနေရတာပါ လိမ့်

- ကလေးငယ်ကို ပြုစုစောင်ရှောက် ဖို့ အားအင်တွေကို ဘယ်လိုရယူရမလဲ

- အကယ်၍ ကူညီပေးသူ တစ် ယောက်မျှ မရှိတော့ဘူးဆိုရင်

- မိမိရဲ့ အခြားကလေးတွေနဲ့ လက်တွဲဖော်ဖြစ်သူကို သေချာဂရု စိုက်ရဲ့လား

- လက်တွဲဖော်ဖြစ်သူက စိတ်ပင် ပန်းနေပြီလား ထိုကဲ့သို့ ကလေးမွေးပြီးစ မိခင် တိုင်းလိုလို ခံစားရတဲ့အတွက် ဖြစ် တတ်တဲ့သဘာဝလို့ခံယူထားရပါမယ်။

ပြီးလျှင် ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို တစ်ဆင့်ချင်း ဖြေဖျောက်ဖို့ လိုအပ်ပါ တယ်။

မိမိ ကိုယ်ကို ဂရုစိုက်ပါ

(၁) သင်တတ်နိုင်သမျှ အချိန်တိုင်း နေရာမရွေး အနားယူပါ။ ကလေးငယ် အိပ်တဲ့အချိန် သင်လည်းအိပ်ပါ။ သင်၏ လက်တွဲဖော်နဲ့ အချိန်ဇယားကို ညှိနှိုင်း ရေးဆွဲပြီး တစ်လှည့်စီ ကလေးထိန်းပါ။

(၂) ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များက သင့်ကို အားအင်ပြန်ဖြည့်ပေးပါလိမ့်မယ်။ ကဖင်းဓာတ် အလွန်အကျွံမသောက် သုံးရပါ။ ရေများများသောက်ပြီး အာဟာရပြည့်ဝအောင် စားသောက် ပါ။

(၃) သင့်မှာ အချိန်အကြာကြီး လေ့ ကျင့်ခန်းလုပ်ဖို့ အချိန်ရှိမှာမဟုတ် ပါဘူး။ ဒါပေမယ့် တစ်ခါ ပြုလုပ်ရင် မိနစ်အနည်း ငယ်စီနှင့် တစ်နေ့လုံး ပြု လုပ်ပေးပါ။ ကိုယ်လက်လှုပ် ရှားမှုများကိုလည်း သတိ ထားကာ ပြုလုပ်ပါ။

(၄) အိပ်ရေးပျက် ခြင်း၊ စိတ်ဖိစီးမှု၊ စိုး ရိမ်မှုတွေကြောင့် သင့် မှာ စိတ်ခံစားမှုတွေ အရမ်းများနေမှာဆို တာကို မျှော်လင့် ထားပါ။ သင့်တစ် ယောက်တည်း ပင်ပန်းမှု တွေကို ရင်ဆိုင်စရာ မလိုဘူးဆိုတာကို နားလည်ပြီး သက် သောင့်သက်သာနေပါ။ ကလေးမွေး ဖွားပြီး ၃ ရက်၊ ၅ ရက် ခန့်မှစတင်ပြီး စိတ် ခံစားရမှုတွေ ပြင်းထန်တတ်ပါတယ်။ ၁၀ ရက်ကျော်လွန်တဲ့အခါမှာတော့ ပျောက်ကွယ်သွားလေ့ရှိပါတယ်။ အချိန် ၂ ပတ်ထက်ကျော်လွန်သည် ထိ စိတ်ခံစားမှုတွေ များနေသေး တယ်ဆိုရင်တော့ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်လို့ ဆရာဝန်နှင့် သေချာ ဆွေးနွေးပါ။

သင့်ရဲ့ လက်တွဲဖော် နှင့် အတူ

(၅) သင့်ရဲ့လက်တွဲဖော်ကိုလည်း အချိန်ပေးပါ။ အတူတကွ အိမ်မှုကိစ္စ များကို လုပ်ဆောင်ခြင်း၊ တီဗီကြည့် ခြင်းတို့ကိုလည်း အချိန်ပေး ပြုလုပ်ပါ။

(၆) သင့်ရဲ့ခံစားချက်များကို သင့်ရဲ့ လက်တွဲဖော်နှင့် ဝေမျှပါ။ ကတောက် ကဆ စကားများကြတဲ့အခါ စိတ်သ ဘောထား မတိုက်ဆိုင်တဲ့အခါမှာ လည်း သေချာညှိနှိုင်းပါ။ စိတ်ဆိုးရ တဲ့အကြောင်းရင်းကို သေသေချာချာ ရှင်းပြပါ။ ဒါမှ ပြဿနာအရှုပ်အထွေး တွေကို ကြိုတင်ရှင်းလင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

မိသားစုနှင့်း သူငယ်ချင်းများ

(၇) သင့်ရဲ့ အခြားကလေးတွေကို လည်း သင့်အားဝိုင်းကူညီပါစေ။ မကူညီနိုင်တဲ့ အလုပ်များအတွက် ဆိုရင်တော့ ကလေးကြီးကို လုံခြုံ စိတ်ချရတဲ့ အလုပ်တစ်ခုကို ပြုလုပ်စေ ပြီး အာရုံလွှဲပေးထားလိုက်ပါ။

(၈) သင့်ရဲ့ ဆွေမျိုးသားချင်း အိမ်နီး နားချင်းတွေက ကလေးငယ်နဲ့ သင့် ကို လာရောက်သတင်းမေးကြမှာပါ။ ဒါပေမယ့် သင့်မွေးစကလေးငယ်ကို ကောင်းကောင်းထိန်းနိုင်တဲ့အချိန် ကလေးမွေးပြီး တစ်ပတ်နှစ်ပတ်ကြာမှ တွေ့ဆုံပါ။ ဧည့်သည်တွေ အိမ်လာ တဲ့အခါမှာလည်း ကူညီစရာရှိတာကို ကူညီပါစေ။ အားမနာပါနဲ့။ 

အိမ်မူကိစ္စများ

(၉) အိမ်သန့်ရှင်းရေးမလုပ်ပါနဲ့။ သင့်ရဲ့အိမ်မှာ ရှုပ်ပွနေပါလိမ့်မယ်။ လျှော်စရာ အဝတ်ဟောင်းတွေလည်း ပုံနေပါလိမ့်မယ်။ ဖုန်တွေလည်း တက် နေပါလိမ့်မယ်။ အဲဒီ အိမ်သန့်ရှင်းရေး အားလုံးကို မစိုးရိမ်ပါနဲ့။ အရေးကြီး ဆုံးအလုပ်က သင့်ကိုယ်သင်နဲ့ သင့်ရဲ့ ကလေးငယ်ကိုသာ ဂရုစိုက်ပြုစုပါ။ လိုအပ်ရင် အကူအညီတောင်းဖို့ လုံးဝ အားမနာပါနဲ့။

(၁၀) သင့်မှာ အခြားကလေးငယ်ရှိ သေးတယ်ဆိုရင် ထိုကလေးငယ်ရဲ့ စားသောက်ရေးအတွက် စီစဉ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့လက်တွဲဖော် ကို တာဝန်ယူခိုင်းလိုက်ပါ။ သင့်ကို လာကြည့်မယ့် ဧည့်သည်တွေကို စား စရာဟင်းတစ်ပွဲလောက် ယူလာခိုင်း လိုက်ပါ။

Jerry

No comments:

Post a Comment