Friday 6 September 2013

အလှအပနှင့်ကျန်းမာရေး



အလှအပနှင့်ကျန်းမာရေး
(၁)ခြေထောက်အနံ့မထွက်အောင်
ခြောက်သွေတဲ့ခြေထောက်တွေဟာအနံ့အသက်ကင်းပါတယ်။ဒါကြောင့်ခြေအိပ်ကိုရွေးချယ်ရာမှာ စုပ်ယူမှုကောင်းတဲ့ ချည်သားနဲ့ယက်ထားတဲ့ခြေအိပ်တွေကိုရွေးချယ်သင့်ပါတယ်။ရှူးဖိနပ်စီးလျှင်လည်းသားရေ၊ကင်းဘတ်ကဲ့သို့ရှူးဖိနပ်များကိုရွေးချယ်စီးသင့်ပါတယ်။တစ်ပတ်ကို (၃)ကြိမ်ခန့်ခြေထောက်ကိုရေနွေးနဲ့ (၁၀)မိနစ်ခန့်စိမ်သင့်ပါတယ်။လက်ဖက်ခြောက်ထည့်ပြီးညအိပ်ရာမ၀င်ခင်ပြုလုပ်ရပါမယ်။

(၂)သွားပုံမှန်တိုက်ပေမယ့်ပါးစပ်အနံ့မပျောက်သူများအတွက်
သွားပုံမှန်တိုက်ပေမယ့်အနံ့အသက်မပျောက်ရင်တော့ပြသနာက သွားမဟုတ်ဘဲ လျှာနဲ့ခံတွင်းဖြစ်နိုင်ပါတယ်။သင့်ရဲ့ခံတွင်းမှာရှိနေတဲ့ဘက်တီးရီးယားပိုးကောင်လေးတွေအောက်ဆီဂျင်မရတော့ဘူးဆိုရင်တော့ အလွန်ကိုခံရခက်တဲ့အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ဘက်တီးရီးယားလေးတွေ ဟာ alcohol ပါတဲ့ ခံတွင်းသန့်ဆေးတွေသုံးရင်၊စိတ်ကျရောဂါကုသတဲ့ဆေးသောက်သုံလျှင်၊သွေးပေါင်တက်လျှင်၊ပါးစပ်ကိုအချိန်အကြာကြီးပိတ်ထားလျှင် အောက်ဆီဂျင်ပြတ်ပြီး အနံ့ဆိုးထွက်တတ်ပါတယ်။ကြက်သွန်ဖြူ၊နီစားလျှင်လည်းအနံ့စွဲကျန်နေတတ်ပါတယ်။ဒါကြောင်အနံဆိုးကင်းအောင်လျှာကိုခြစ်နေရုံနဲ့မပြီးပါဘူး။အောက်ဆီဂျင်များများရအောင် သင်ခံတွင်းမခြောက်သွေ့အောင် ရေကို များများသောက်ပေးရပါမယ်။ခံတွင်းသန့်ဆေးရည်ကိုလည်းalcohol မပါတာကိုရွေးချယ်သုံးစွဲသင့်ပါတယ်။
(၃)ချွေးထွက်များသူ
ပုံမှန်အားဖြင့်ရောဂါမဟုတ်ပါဘူး။လူတော်တော်များများဖြစ်တတ်ကြပါတယ်။သို့ပေမယ့်ဆရာဝန်နဲ့ပြပြီးမိမိမှာ သိုင်းရွိက်ရောဂါရှိမရှိစစ်ဆေးလိုက်မယ်ဆိုရင်တော့ အကျိုးမယုတ်ပါဘူး။အိပ်ယာမ၀င်ခင်ချွေနံပျောက်ဆေးအပြင်းစားကိုသုံးသင့်ပါတယ်။သာမန်ချွေးနံ့ပျောက်ဆေးထက် အလူမီနီယမ်ကလိုရိုက်ပိုမိုပါဝင်တာကိုရွေးချယ်သုံးစွဲသင်ပါတယ်။ဒါကိုမှ မကျေနပ်သေးရင်တော့ botox ထိုးဆေးကိုအသုံးပြုနိုင်ပါတယ်။ချွေးဂလင်းတွေကို ၆လမှ ၁နှစ်ကြာအောင် paralyze လုပ်ထားနိုင်ပါတယ်။ဒေါ်လာ ၈၀၀ မှ ၁၅၀၀ ခန့်ကုန်ကျနိုင်ပါတယ်။
(၄)ခြေသည်းမှိုစွဲခြင်း
အားကစားသမားတွေမှာခြေအိပ်နဲ့ဖိနပ်တွေ share လုပ်ပြီး ၀တ်လျှင်ဖြစ်တတ်ပါတယ်။ရေချိုးစီးဖိနပ်တွေကို ကိုယ်ပိုင်ထားသုံးစွဲသင့်ပါတယ်။antifungal ဆေးများဖြင့်ပျောက်ကင်းအောင်ဂရုတစိုက်ကုသသင့်ပါတယ်။
(၅)သွားတွေအရောင်စွဲခြင်း
ဆေးလိပ်သောက်ခြင်း၊ကော်ဖီ၊ကိုလာစတဲ့အဖျော်ရမကာများကိုအလွန်အကျွံသောက်သုံးခြင်းစတာတွေက သွားတွေကိုအရောင်စွဲစေပါတယ်။ကြာလေဖျက်ရခက်လေပါပဲ။carbamide peroxide ပါဝင်တဲ့သွားတိုက်ဆေးများကိုသုံးစွဲသင့်ပါတယ်။ပိုပြီးဖြူချင်လျှင်တော့ သွားဆရာဝန်က လုပ်ပေးနိုင်ပါတယ်။ဒေါ်လာ ၁၀၀၀ ၀န်းကျင်ခန့်ကုန်ကျနိုင်ပါတယ်။


မနဲ့မောင်ဆိုဒ်မှကူးယူဖေါ်ပြပါသည်….

No comments:

Post a Comment