Friday 6 September 2013

ကျွမ်းကျင်ပါမှ ရောင်းပန်းလှမယ်


Jul 8, '10 12:58 AM
for everyone

“အရောင်း သမားဆိုတာ မွေးရာပါ မဟုတ်ပါဘူး။  လေ့ကျင့် ပျိုးထောင် ယူထား သူတွေပါ။ အေ၇ာင်းသမား အများစုကြီးအဖို့ အကောင်းတကာ့ အကောင်းဆုံး  ရောင်းချမှုတွေဟာ ကြိုးပန်း အားထုတ်မှု မပါဘဲ အလိုအလျောက်  ရောက်ရှိလာတာ မဟုတ်ပါဘူုး။ ”
ထိတ်ထိတ်ကြဲ အရောင်းသမားကြီးတွေ ပြောလေ့ရှိတာ တစ်ခုရှိပါတယ်။  အဲဒါကတော့ သူတို့ရဲ့ ရောင်းချရေးဆိုင်ရာ အချီအချ ပြောဆို ဆွေးနွေးရတဲ့  ဒိုင်ယာလော့တွေဟာ ရောင်းချခြင်းပြုဖို့ အားထုတ်တာထက် ဖောက်သည်တွေနဲ့   ဦးနှောက် မုန်တိုင်းဆင်မှု (brainstorming) လုပ်နေရတာနဲ့ ပိုပြီး တူညီနေတယ်လို့  ခံစားမိတယ် ဆိုတာပါဘဲ။ သူတို့ရဲ့ ဒိုင်ယာလော့တွေကို ပြေပြစ်ချောမွေ့ပြီး   အကျိုးသက်ရောက်မှု ရှိစေတဲ့ အခြေခံကျသော ကျွမ်းကျင်မှု ခြောက်ရပ်ရှိပါတယ်။
  အဲဒါတွေကတော့-
(က)ပြည့်စုံမှုရှိခြင်း
“ဖောက်သည်တွေကို စကားပြောဆိုရတဲ့ အခါ” နဲ့ “သူတို့ပြောတဲ့ စကားကို  နားထောင်ရတဲ့ အခါ”  တွေမှာ ဆက်သွယ် ပြောဆိုနိုင်မှု စွမ်းအင် ခိုင်မာတဲ့ ယုံကြည်မှုနဲ့ စိတ်ဝင်တစား ရှိမှုတို့နဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။
(ခ)လူမှုဆက်ဆံရေး ကောင်မွန်ခြင်း
ဖောက်သည်တွေနဲ့ ဆက်ဆံရာမှာ ချစ်ကြည် ရင်းနှီးမှုကို ထူထောင်ခြင်း၊  အသိအမှတ်ပြုမှုကို အသုံးချခြင်းနဲ့ ဖောက်သည်တို့အပေါ် စာနာမှုရှိကြောင်း  ထုတ်ဖော် ပြသနိုင်ခြင်းတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
(ဂ)မေးခွန်း ထုတ်တတ်ခြင်း
ကြောင်းကျိုး ဆက်စပ်မှုရှိတဲ့ မေးခွန်းထုတ်ခြင်း ဆိုင်ရာ  မဟာဗျူဟာ တစ်ရပ်ကို ဖန်တီးပါ။ ပြီးတော့ ဖောက်သည်တို့ရဲ့ လိုအပ်ချက် အစစ်အမှန်ကို  ဖော်ထုတ်နိုင်ဖို့ အတွက် စူးစမ်း အစ်ထုတ်မှု ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ထိရောက်စွာ အသုံးပြုပါ။
(ဃ)နားဆင်နိုင်စွမ်း ရှိခြင်း
ဖောက်သည်က ဆက်သွယ် ပြောဆိုလာတဲ့ စကားလုံးများ၊  အသံနေ အသံထားများနဲ့ ခြေဟန်လက်ဟန် ပြုမှုများအပေါ် မှန်ကန်စွာ အဓိပ္ပါယ် ကောက်ပြီး နားလည် သဘောပေါက်နိုင်စွမ်း ရှိရပါမယ်။
(င)နေရာ ယူတတ်ခြင်း
ဖောက်သည်တို့ရဲ့ လိုအပ်ချက်နဲ့အညီ ခင်ဗျားရဲ့ ထုတ်ကုန်ကို လိုအပ်သလို  ပြုပြင် မွမ်းမံပေးခြင်း အားဖြင့် ဖောက်သည် ရရှိမယ့် “တန်ဖိုးနဲ့ အသုံးဝင်မှု” တို့ကို  ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နဲ့သရုပ်ဖော် တင်ပြပါ။
(စ) စစ်ဆေးခြင်း
ဖောက်သည်ရဲ့ နားလည် သဘောပေါက်မှုနဲ့ သဘောတူညီမှု အတိုင်းအတာတို့ကို  တိုင်းထွာ ခန့်မှန်းဖို့အတွက် ခင်ဗျား ပြောဆိုခဲ့သမျှနဲ့ ပက်သက်ပြီး ဖောက်သည်ရဲ့  တုံ့ပြန် သဘောထားကို အစ်ထုတ်ကြည့်ပါ။
အထက် ဖော်ပြပါ ကျွမ်းကျင်မှုတွေဟာ ရောင်းချရေးဆိုင်ရာ  လက်နက်ကိရိယာတွေပဲ ဖြစ်ပါတယ်။ အဲဒီ ကျွမ်းကျင်မှုတွေ ထူးချွန် ထက်မြက်တာနဲ့ အမျှ  အရောင်းသမား တစ်ယောက်ဟာ ပိုမိုပြီး ထိရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။  အဆိုပါ ကျွမ်းကျင်မှု တွေထဲက တစ်ခုခုမှာ အားနည်းနေခြင်းက အရောင်း ထိရောက်မှုကို  အဟန့်အတား ဖြစ်စေ နိုင်ပါတယ်။ ဥပမာအားဖြင့် အရောင်းသမား တစ်ယောက်ဟာ  ဖောက်သည်နဲ့ ရင်းနှီး ချစ်ကြည်မှုရှိအောင် မလုပ်ဆောင်နိုင်ဘူး ဆိုရင်  သူမေးလာသမျှ မေးခွန်းတွေကို ဖောက်သည်က မှန်ကန် ပွင့်လင်းစွာ ဖြေကြားဖို့  အလားအလာ နည်းသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အရောင်း သမားဟာ ညံ့ဖျင်းတဲ့ နားထောင်သူ  တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ဖောက်သည်ရဲ့ ဖြေကြား ချက်တွေဟာ အချည်းနှီး တန်ဖိုးမဲ့  ဖြစ်သွား ပါလိမ့်မယ်။ ပြီးတော့ ဖောက်သည်ရဲ့ လိုအပ်ချက်ကို  နားလည် သဘောပေါက်မှု ကင်းမဲ့ခြင်း အားဖြင့် ဖောက်သည်ရဲ့ လိုအပ်ချက်ကို  ဖြည့်ဆည်း နိုင်တဲ့ စွမ်းပကားနဲ့  ပြည့်စုံဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိသလောက်ပဲ ဖြစ်ပါတယ်။
ဖောက်သည်နဲ့ ဒိုင်ယာလော့ လုပ်ပြီး ရောင်းချခြင်း ပြုရာမှာ ထုတ်ကုန်ဆိုင်ရာ  အသိပညာ ဗဟုသုတနဲ့ နည်းပညာ ကျွမ်းကျင်မှုတို့ လိုအပ်တာ  မှန်ပေမဲ့  ဖောက်သည်နဲ့ ပက်သက်တဲ့ ဗဟုသုတနဲ့ ကျွမ်းကျင်မှုတို့ ဟာလည်း  တန်းတူ ညီမျှရှိရမယ့် အရည်အချင်း တွေပဲဖြစ်ပါတယ်။ ဖောက်သည်နဲ့ အချီအချ ပြောဆို  ဆွေးနွေး ရောင်းချရတဲ့ ဒိုင်ယာလော့လုပ်ပြီး ရောင်းချခြင်းမှာ အရောင်းသမားဟာ  အရင်းအမြစ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ အကြောင်းကတော့  ဖောက်သည်ရဲ့ သီးခြား လိုအပ်ချက်ကို ပြည့်စုံစွာ  နားလည် သိရှိသူ ဖြစ်တဲ့အလျှောက် အရောင်းသမားဟာ အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်အောင် သူ့ရဲ့ ထုတ်ကုန်ကို  စီမံ ဖန်တီးနိုင်လို့ပါပဲ။ ဒိုင်ယာလော့ လုပ်ပြီး ရောင်းချခြင်းမှာ အောင်မြင်ဖို့ အတွက်   အထက်မှာ ဖော်ပြခဲ့တဲ့ အဓိက အရေးပါသော ကျွမ်းကျင်မှု ခြောက်ရပ်ကို  ပိုင်ပိုင်နိုင်နိုင် ရှိရမှာ ဖြစ်ပါတယ်။
အဆိုပါ ကျွမ်းကျင်မှုတွေ ပိုမို ထက်မြက်လာအောင် လုပ်ဆောင်နိုင်တဲ့  နည်းလမ်း တစ်ချို့ကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
(၁)မိမိမှာ အဓိက အရေးပါတဲ့ ကျွမ်းကျင်မှု ခြောက်ရပ် ဘယ်လောက်အထိ  ပြည့်စုံပြီလဲ ဆိုတာကို အကဲဖြတ်ပါ။
ကျွမ်းကျင်မှုတွေကို အသေအချာ အဆင့် ခွဲခြား သတ်မှတ်ပါ။  မိမိရဲ့ အားသာချက်များနဲ့ တိုးတက်မှုရှိတဲ့ နယ်ပယ်တို့ကို ထုတ်ဖော် သတ်မှတ်ပါ။   အချိန်ကာလ တစ်ခုမှာ ကျွမ်းကျင်မှု တစ်မျိုးကိုသာ အကဲဖြတ် ဆန်းစစ်ပြိး   နောက်ထပ် တဆင့်  တိုးတက် မြင့်မား လာအောင် လုပ်ဆောင်ပါ။
(၂)မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်မှု ပြုပါ။
ရောင်းချရေးအတွက် ဆက်သွယ် တွေ့ဆုံမှု တစ်ခု ပြုလုပ်ပြီးတိုင်း  ဆွေးနွေး ညှိနှိုင်းခဲ့တဲ့ အကြောင်းအရာများ နည်းတူ မိမိရဲ့ ကျွမ်းကျင်မှု တွေကိုလည်း  ဝေဖန် အကဲဖြတ်မှု ပြုလုပ်ပါ။
(၃)သဘောထား တုံ့ပြန် ပြောကြားဖို့ တောင်းဆိုပါ။
ခင်ဗျားရဲ့ ဖောက်သည်တွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေက  ခင်ဗျား အပေါ် ဘယ်လိုထင်မြင် ယူဆသလဲဆိုတာ သိရှိနိုင်အောင် သူတို့ ခင်ဗျား အပေါ်မှာ ထားရှိတဲ့  သဘောထားကို တုံ့ပြန် ပြောကြားပေးဖို့ တောင်းဆိုပါ။

Ref: The Sales Success Handbook-Sharpen your critical skills by Linda Richardson
မှတ်ချက်။    ။ အခွင့်အလန်းဂျာနယ် မှ ကူးယူ ဖော်ပြပါသည်

No comments:

Post a Comment