Tuesday 3 September 2013

ကိုယ်ဝန်ဆောင်ကာလတွင် စတင်ဟောက်တတ်သူများ သွေးတိုးရောဂါဖြစ်ပွားနိုင်




ကိုယ်ဝန်ဆောင်ကာလတွင် စတင်ဟောက်တတ်သူများ သွေးတိုးရောဂါဖြစ်ပွားနိုင်

 သင်ဟာ ကိုယ်ဝန်ရှိခါစမှာမှ စတင်ပြီး ဟောက်တတ်သူဖြစ်နေရင် သွေးဖိအားမြင့်တက်နိုင်ခြေနဲ့ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေ များကြောင်း အမေရိကန်သားဖွားနဲ့ မီးယပ်ဆိုင်ရာဂျာနယ်မှ လေ့လာမှုအသစ်အရ တွေ့ရှိခဲ့ပါတယ်။ ကိုယ်ဝန်ဆိပ်တက်လို့ ကုသမှုမခံယူရင် မိခင်နဲ့ သန္ဓေသားရဲ့ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ငါးလအရွယ်မှစတင်ပြီး ဖြစ်ပေါ်တတ်ကာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သွေးဖိအားမြင့်တက်တာနဲ့ ဆီးထဲမှာ ပရိုတင်းပါဝင်တာတွေ ပြတတ်ပါတယ်။ အချင်းနဲ့ မိခင်ရဲ့အသည်း၊ ကျောက်ကပ်နဲ့ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။

အချိန်မတိုင်ခင် ကလေးမွေးတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာနဲ့ အသေမွေးတာ အပါအ၀င် သန္ဓေသားအတွက် ဆိုးကျိုးတွေလည်း ရရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် အများစုဟာသူတို့ရဲ့ ဟောက်တတ်တဲ့ပြဿနာကို သားဖွားနဲ့ မီးယပ်ဆရာဝန်ကို မတင်ပြတတ်သလို ဆရာဝန်တွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်မိခင်တွေကို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို မေးမြန်းလေ့မရှိဘူးလို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိပ်စက်တဲ့အနေအထားက အလွန်အရေးကြီးပါတယ်။ ပက်လက်အိပ်မိရင် ဟောက်တာပိုဖြစ်တတ်ပါတယ်။

သားအိမ်ရဲ့အလေးချိန်ဟာ အဆုတ်အတွင်းကို သွေးပြန်ပို့တဲ့ သွေးကြောတွေကို ဖိမိတတ်တာကြောင့် ဟောက်သံထွက်လာတာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဘယ်ဘက်ကို စောင်းပြီးအိပ်တာ အကောင်းဆုံးပါလို့ သုတေသီတွေက အကြံပေးထားပါတယ်။

No comments:

Post a Comment