သွားနှင့်ခံတွင်း
ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် သင့်ကို နာမကျန်း ဖြစ်စေနိုင်သည့်
နည်းငါးသွယ်
နေ
့စဉ် သွားပုံမှန် တိုက်ရင်တောင် သင့်ခံတွင်းထဲမှာ အန္တရာယ် ပေးနိုင်တဲ့
ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ဖွား နေနိုင် ပါတယ်။ ဒါက သွားဖုံး သွေးထွက်တာ၊
သွားဖုံးနာတာတွေလို သွားဖုံး ရောဂါတွေကို ဖြစ်စေ နိုင်ရုံသာမက အဓိက ကျန်းမာရေး
အန္တရာယ် တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။
(၁)နှလုံးကိုထိခိုက် စေနိုင်ပါတယ်
သွားဖုံးရောဂါ ရှိသူတွေက သွားဖုံးရောဂါ
မရှိသူတွေထက် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ နီးပါး မြင့် တက်
နေပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို
လေ့လာသူတွေက တိတိကျကျ မသိကြ သေးပေမယ့် ပါးစပ်ထဲက ဒီအန္တ ရာယ်ရှိတဲ့
ဘက်တီးရီးယား ပိုးဟာ သွေးကြောထဲကို ဝင်ရောက်ပြီး နှလုံး သွေးကြောတွေထဲမှာ
အဆီများတဲ့ သွားချေးတွေ ကပ်
ငြိစေတာကြောင့် ရောင်ရမ်းမှုနဲ့ သွေးခဲနှုန်း မြင့်မားစေကာ နှလုံးရောဂါ
ထအောင် လှုံ့ ဆော်မှု ပေးတာ ဖြစ်ပါတယ်။
(၂)မှတ်ဉာဏ်ကို ထိခိုက် စေနိုင်ပါတယ်
ခံတွင်း
ကျန်းမာရေး မကောင်းတာနဲ့ သူငယ်ပြန် ရောဂါ အကြား ဆက်စပ်မှု ရှိတယ်လို့ လေ့လာမှု တချို
့က ဆိုပါတယ်။ အသက် ၇၅-နှစ်နဲ့ ၉၈-နှစ်ကြား အရွယ်ရှိသူ ၁၁၈-ဦးကို လေ့လာခဲ့တဲ့
အခါမှာ ခံတွင်းထဲ သွားအနည်းဆုံး ရှိသူတွေဟာ သူငယ် ပြန် ရောဂါ ဖြစ်နိုင်ခြေ
အများဆုံး ဖြစ်နေတာကို တွေ့ ရပါတယ်။ ခံတွင်းထဲက ပိုးတွေဟာ မေးရိုးနဲ့ ဦးနှောက်ကို
ဆက်စပ်နေတဲ့ နာ့ဗ်ကြောတစ်လျှောက် ပျံ့ နှံ့ သွားသလို သွေးကြောထဲမှာလည်း ပျံ့ နှံ
့နေတတ်ပါတယ်။ ဒါကြောင့် သွားချေးတွေ ကပ်ညိတာက အယ်လ်ဇိုင်းမားရောဂါနဲ့ လည်းဆက်စပ်မှုရှိနေပါတယ်။
(၃)သွေးတွင်းသကြားဓာတ်ထိန်းနိုင်စွမ်းကိုထိခိုက်စေ
နိုင်ပါတယ်
ဆီးချိုသွေးချို ရောဂါ ရှိသူတွေက
ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ ဆီးချိုသွေးချို
ရော ဂါရှိရင် ကူးစက်ပိုး ဝင်လွယ်လို့ ပါ။လေ့လာမှု အရ သွားဖုံးရောဂါရှိရင် သွေးတွင်း
သကြားဓာတ်ကို ထိန်းချုပ်နိုင်စွမ်း ခက်ခဲတယ် လို့ တွေ့ ရှိရတာကြောင့်
သွားဖုံးရောဂါကို ကုသမှု ခံယူပေးမှသာဆီးချိုရောဂါရဲ့ လက္ခဏာတွေကိုသက်သာစေမှာ
ဖြစ်ပါတယ်။
(၄)အသက်ရှူမှုကို ထိခိုက် စေနိုင်ပါတယ်
သွားဖုံးရောဂါဟာ အဆုတ်ပွ
ပန်းနာ ရောဂါ (COPD)နဲ့ နမိုးနီးယား အဆုတ်ရောင် ရောဂါတို့ လို အသက်ရှူလမ်းကြောင်း
ပိုးဝင်မှု ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ သွားဖုံးအကြောင်း ဂျာနယ်မှာ
ဖော်ပြထားပါတယ်။ခံတွင်းထဲက ဘက်တီးရီးယားပိုး တွေဟာ အသက်ရှူရာက အဆုတ်ထဲကို
ရောက်ရှိပြီးအသက်ရှူလမ်းကြောင်းပိတ်ဆို့ မှု ဖြစ်စေနိုင်ပါတယ်။
(၅)သားသမီး ရဖို့ ခက်ခဲ စေနိုင်ပါတယ်
ကလေးမွေး နိုင်တဲ့ အသက်အရွယ်ရှိ
အမျိုးသမီးတွေဟာ သွားဖုံးရောဂါ ရှိရင် ကိုယ်ဝန် ရနိုင်ဖို့ ခုနစ်လလောက် ပိုကြာ
တတ်ပါတယ်။ပျှမ်းမျှအားဖြင့် သွားဖုံးရောဂါ မရှိတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ရဖို
့ငါးလလောက် အချိန်ယူရလေ့ ရှိတဲ့အတွက် သွားဖုံးရောဂါကြောင့် နှစ်လလောက် ပိုနောက်ကျ
ရတာ ဖြစ်တယ်လို့  အနောက် ဩစတြေးလျ လေ့လာသူတွေက ဆိုပါတယ်။ သွားဖုံးရောဂါ ရှိတဲ့
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ကိုယ်ဝန် ပျက်ကျနိုင်ခြေလည်း မြင့်မားတယ်လို့ တခြား
လေ့လာမှုအရ သိရပါတယ်။
ဇွန်
No comments:
Post a Comment