Tuesday 3 September 2013

ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားရန် သုံးလအလိုတွင် အေပိုး ဘီပိုးမဟုတ်သော ဗိုင်းရပ်စ်ပိုးဝင်းနိုင်



ကိုယ်ဝန်ဆောင်မိခင်များ မွေးဖွားရန် သုံးလအလိုတွင် အေပိုး ဘီပိုးမဟုတ်သော ဗိုင်းရပ်စ်ပိုးဝင်းနိုင်

ကိုယ်ဝန်ဆောင်မိခင်များကိုယ်ဝန်ရင့်ချိန် မွေးဖွားရန်သုံးလအလိုတွင် အေပိုး ဘီပိုးမဟုတ်သောဗိုင်းရပ်စ်ပိုးများဝင်လာနိုင်ပြီးအသည်းရောင်းအသားဝါ ဖြစ်ကာ ကလေးနှင့်မိခင်များပါသေဆုံးနိုင်ကြောင်း သားဖွားမီးယပ်ဆရာဝန်များထံမှ သိရှိရသည်။

အဆိုပါ အေပိုးဘီပိုးမဟုတ်သောဗိုင်းရပ်စ်ပိုးများကြောင့်ကလေးနှင့်မိခင်သေဆုံးမူမှာ ၂၀ ရာခိုင်နူန်းခန့်ရှိကြောင်း သားဖွားမီးယပ်ပါရဂူများက ပြောသည်။


ကိုယ်ဝန်ဆောင်မိသားစုဝင်များအနေဖြင့် အသည်းရောင် အသားဝါ မဖြစ်အောင် ဂရုစိုက်သင့်ကြောင်း၊ မသန့်ရေနှင့် ယင်နားစာများကို မစားမသောက်မိစေရန်၊ မိသားစုတွင်း ရောဂါရှိသူများရှိပါက ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ကာကွယ်ဆေး ထိုးရန်နှင့် အဆိုပါ ဝေနာရှင်ကို ကိုယ်ဝန်ဆောင် မိခင်နှင့် အတူမနေစေပဲ အခြားတစ်နေရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခြင်းတို့ကို လိုက်နာဆောင်ရွက်သင့်ကြောင်း သိရှိရသည်။

“မလိုအပ်ပဲနဲ့ ဆေးထိုးဆေးသောက်တာတွေ မလုပ်ရဘူး။ လမ်းဘေးအစားအစာတွေမစားရဘူး ကိုယ်ဝန်ဆောင် မိခင်တွေက အသည်းရောင်အသားဝါပိုးဝင်ပြီဆိုရင်သာမန်လူတွေထက်ပိုပြီးခံစားရတယ် အသည်းအလုပ်မလုပ်တဲ့အထိဖြစ်သွားနိုင်တယ်”ဟုအသည်းဆရာဝန် ဒေါက်တာ ညွှန့်လွင်မှ ပြောသည်။

အသည်းရောင် အသားဝါ ရောဂါပိုးသည် ဗိုင်းရပ်စ် ပိုးသုံးမျိုးကြောင့် ဖြစ်ပွားတတ်ပြီး မိခင်များအနေဖြင့် ကိုယ်ဝန်ရင့်လာချိန်တွင် အသည်းရောင်း အသားဝါမဖြစ်စေရန် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို အထူးဂရုစိုက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

အသည်းရောင် အသားဝါပိုးဖြစ်လျှင် အခြားရောဂါပိုးများ ဖြစ်သည့် (B)ပိုး နှင့် (C)ပိုးများ ၀င်လာနိုင်ခြေရှိပြီး ထိုရောဂါပိုးများသည် နာတာရှည် ဖြစ်နိုင်ကြောင်းနှင့် HIV ပိုးကဲ့သို့ပင် စိုးရိမ်ရကြောင်း  သိရသည်။

ရွှေမြစ်မခ

No comments:

Post a Comment