Tuesday 3 September 2013

ကိုယ်ဝန်​ဆောင်ချိန်တွင် ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ပါက သမီး​မွေး​ရန် အခွင့်​အလမ်း​ပိုများ





ကိုယ်ဝန်ဆောင်ချိန်တွင် ဟင်းသီးဟင်းရွက် များများစားပါက သမီးမွေးရန် အခွင့်အလမ်းပိုများ

alt
ပျိုမေတို့အတွက် ဟင်းသီးဟင်းရွက် © dailymail
ကိုယ်ဝန် ဆောင်ချိန်တွင် မိခင်လောင်းများက ဟင်းသီးဟင်းရွက် များများစားခြင်းဖြင့် သမီးလေး မွေးဖွားရန် အခွင့်အလမ်း ပိုများ နိုင်ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။
အသစ်ပြုလုပ် သော သုတေသန စစ်တမ်းများက ကယ်ဆီယမ်နှင့် မက်ဂနီဆီယမ်ဓာတ် ပါဝင်မှု မြင့်မားသော အစိမ်းရောင် အသီးအရွက်များကဲ့သို့ အစားသောက်များကို အများအပြား စားသုံးပါက ကလေးမွေးဖွားချိန်တွင် မိန်းကလေး ဖြစ်ရန် ၈၀ ရာခိုင်နှုန်း အခွင့်အလမ်း ပိုများကြောင်း ညွှန်ပြလျက်ရှိသည်။ ထို့ကြောင့် သမီးမိန်းကလေး လိုချင်သော မိခင်များနေနှင့် အသီး အရွက်နှင့် သစ်သီးဝလံများ ပိုမိုစားသင့်ကြောင်း သုတေသီများကဆိုသည်။
ထို့ အပြင် သားယောက်ျားလေး ပိုလိုချင်သော မိခင်လောင်းများသည် ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်တို့ ကြွယ်ဝသည့် ငှက်ပျောသီးနှင့် အာလူးတို့ကို များများစားသင့်ကြောင်းလည်း ပညာရှင်များက ပြောကြားခဲ့သည်။ Reproductive BioMedicine ဂျာနယ်တွင် ဖော်ပြမှုအရ ကိုယ်ဝန်ဆောင်စဉ် အသီးအရွက် အဓိက စားသုံးခဲ့သည့် မိခင်လောင်း ၃၂ ဦးအနက် ၂၆ ဦး သည် သမီးလေးများ မွေးဖွားပြီး ၆ ဦးသာ သားယောက်ျားလေး ဖွားမြင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယင်း သို့ဖြစ်ရခြင်းမှာ အစားသောက်အလိုက် ပါဝင်သော ဓာတ်သဘာဝများသည် သန္ဓေအောင်သည့် Chromosome များကို ချိတ်ဆက်ပေးရာတွင် ကွဲပြားမှု ဖြစ်စေသောကြောင့်ဟု ယူဆရကြောင်း သတင်းရရှိသည်။
ဒါက လက်ခံရရှိတဲ့ Forward mail ဖြစ်ပါတတယ်။ ဒီမေးလ်ထဲက အချက်တွေ ဟုတ်မဟုတ်ဆိုတာ သိဖို့ သန္ဓေဖြစ်တည်ပုံနဲ့ မျိုးပွားပုံ၊ ကိုယ်ဝန်ဆောင်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အခန်းကဏ္ဍအရေးကြီးပုံနဲ့ စားသုံးဖို့ လိုအပ်ချက်တွေကို အကြံပြုလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဒီမေးလ်ပါ အချက်တွေကို သုံးသပ်ထားတဲ့အချက်တွေကို တင်ပြထားပါတယ်။

သက်ရှိတခုရဲ့ သန္ဓေစတင်ပုံအဆင့်ဆင့်

သက်ရှိ တို့ရဲ့ ဆဲလ်ကလပ်စည်းကို ဖြစ်စေတဲ့ ဗီဇ(gene) တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိတဲ့ alleles (ဗီဇ၀က်) တခုစီဖြင့် ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင်စွာ ပြီးစီးသွားတဲ့အခါ ဖခင်သုတ်ရည်ထဲရှိ သုတ်ကောင်(sperm) မှ ရရှိတဲ့ allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိတဲ့ ဗီဇ၀က်တို့ ပေါင်းစပ်မိပြီး ဗီဇ (Gene ) တခုကို ဖြစ်စေတယ်။ အဲဒီကမှတဆင့် (gamete) ခေါ် ပထမဦးဆုံး သက်ရှိဆဲလ်အသစ် တခုကို ဖွဲ့စည်းပါသည်။ အဲဒီကမှတဆင့် ပုံစံတူထပ်တူကျတဲ့ ဆဲလ်တွေကို ဆက်ပွားပြီး နှစ်ခုပေါင်းမှ တခုဖြစ်လာတဲ့ ခရိုမိုဆုန်း တခုတည်းနဲ့ သက်ရှိလောင်းလျာ (Zygote) ကို စတင်ပါတယ်။ မျိုးရိုးဗီဇ အချက်အလက်တွေဟာ ဆဲလ်ကလပ်စည်းတိုင်းရဲ့ ဗဟိုချက်ဖြစ်တဲ့ နြူကလိယ (Nucleus) များ ထဲမှာနေရာ ယူလျက်ရှိပါတယ်။ ဒီထဲကနေပြီး ဆဲလ်ရဲ့ လုပ်ငန်းအားလုံးအတွက် လိုအပ်တဲ့ အချက်အလက် ပစ္စည်း အားလုံး ပါဝင်တဲ့အပြင် နောက်မျိုးဆက်ဆီကို လက်ဆင့် ကမ်းပေးကမ်းပေးတဲ့ မျိုရိုးဗီဇ အမွေအနစ်အရိုက်အရာတွေ အားလုံးကို သိုလှောင်ထားပါတယ်။ ဗီဇဟာ မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်တဲ့ အသေးငယ်ဆုံးသော အခြေခံအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ မိဘရဲ့ ဗီဇတခုဟာ နောက်မျိုးဆက်ကို မိမိမှာ ရှိတဲ့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက်နဲ့ ကျား၊ မ စတာတွေကို လက်ဆင့်ကမ်း အမွေပေးသွားပါတယ်။ ခရိုမိုဇုမ်း တခုထဲမှာ ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိပါသည်။

ခရိုမိုဆုန်းတွေက အစုံလိုက်တွဲဖက်နေပြီး လူသား ဆဲလ်တခုမှာ ခရိုမိုဆုန်း ၂၃ စုံ (သို့) ၄၆ ခု ပါဝင်တဲ့အနက် တစ်ကနေ ၂၂ စုံအထိကို Autosomal Chromosome or Autosome လို့ခေါ်ပြီး ၎င်းတို့က ရုပ်သွင်၊ စရိုက် ဥာဏ်ရည်စတဲ့ တခြားအရိုက်အရာတွေကို အမွေပေးပြီး နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်းကို ကျား၊မ (သို့) လိင် ခရိုမိုဆုန်း (Sex cromosome) လို့ခေါ်ပြီး ကျားမ လက္ခဏာကို မွေပေးပါတယ်။ အမျိုးသားတွေရဲ့ ဆဲလ်မှာ X နှင့် Y ဆိုပြီး လိင်ခရိုမိုဆုန်း နှစ်မျိုးရှိပေမဲ့ အမျိုးသမီးတွေရဲ့ ဆဲလ်မှာကျတော့ X ခရိုမိုဇုမ်း တမျိုးသာ ရှိပါသည်။ X နဲ့ X ပေါင်းပါက သမီးမိန်းကလေး ဖြစ်လာပြီး X နဲ့ Y ပေါင်းပါက ယောက်ျားလေး သန္ဓေကို ဖြစ်လာစေပါတယ်။ ဒါကြောင့်မို့ ဖိုနှင့်မ ပေါင်းစပ်လို့ မျိုးပွားပြီး ပထမ ဦးဆုံး သက်ရှိဆဲလ် Gametocyte ကိုဖွဲ့စည်းရာမှာ မိခင်ဆီကတခု ဖခင်ဆီကတခုပေါင်းစပ်ပြီး ယောက်ျားလေး (သို့) မိန်းကလေး ဖြစ်လာမည့် လိင်ခရိုမိုဆုန်းတခုကို ရပါတယ်။ မျိုးစပ်တဲ့အချိန်မှာ အမျိုးသမီးမှာ X ခရိုမိုဆုန်းတမျိုးသာ ရှိလို့ X ခရိုမိုဇုန်းကိုသာ ထုတ်ပေးနိုင်ပြီး အမျိုးသားမှာကျတော့ X နဲ့ Y နှစ်ခုစလုံး ရှိလို့ X (သို့) Y တခုခုကို ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားဆီက လာတဲ့ ခရိုမိုဆုန်းအပေါ် မူတည်ပြီး ယောက်ျားလေး (သို့) မိန်းကလေးကို သန္ဓေတည်စေပါတယ်၊ အစားအသောက်ကြောင့် လုံးဝ မဟုတ်ပါ။ အကယ်၍ အမျိုးသားဆီက X ခရိုမိုဇုန်းကို ရပါက သန္ဓေသားရဲ့ လိင်ခရိုမိုဇုန်းမှာ X နဲ့ X ပေါင်းစပ်မိပြီး သမီးမိန်းကလေး (XX) ကို သန္ဓေတည်စေပါတယ်။ အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက သန္ဓေသားရဲ့ လိင်ခရိုမိုဆုန်းမှာ X နဲ့ Y ပေါင်းစပ်မိပြီး သားယောက်ျားလေး (XY) ကို သန္ဓေတည်စေပါတယ်။ ဒါကြောင့်မို့ မိန်းကလေးမွေးခြင်း ယောကျားလေး မွေးခြင်းဆိုတာ အစားအသာက်နဲ့ လုံးဝမဆိုင်ဘဲ ဖိုနဲ့မ ပေါင်းစပ်စဉ်က အမျိုးသားများရဲ့ Spam မှ ထုတ်ပေးလိုက်သော လိင်ခရိုမိုဇုန်း အမျိုးအစားနှင့်သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။


Gestation ကိုယ်ဝန်ဆောင်ခြင်းရဲ့ သဘောသဘာဝ

အထက်ပါ မျိုးပွားခြင်း လုပ်ငန်းစဉ်မှာ ဖေါ်ပြခဲ့တဲ့နည်းအတိုင်း ကိုယ်ဝန်တခုကို ဖြစ်ပေါ်စေပြီး ကိုယ်ဝန် ဆောင်ခြင်း (Gestation) ဆိုတာဟာ မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေ သားလောင်းကို ဖြစ်ပေါ်စေပြီး မိခင်ရဲ့ သားအိမ်မှာ သန္ဓေသား ကြီးထွားစေတဲ့ ကိုးလကျော် ကာလကို ကိုယ်ဝန်ဆောင်ကာလို့ ခေါ်ပါတယ်။ ဒီကာလမှာ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ် အင်္ဂါအဖွဲ့စည်း အသီးသီးရှိ အလုပ်လုပ်မှုစနစ် တချို့ကို ကမောက်ကမ ဖြစ်စေပြီး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစား ရလေ့ရှိပါတယ်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) မှာ gonadal ဟော်မုန်းတွေ မြင့်တက်လာမှုကြောင့် အစာခြေမှု စနစ်ကို ထိခိုက်ပြီး ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ် မတည်မငြိမ် ဖြစ်ခြင်း ကို ဖြစ်စေပါတယ်။ ဆီးစွန့် အင်္ဂါ အဖွဲ့အစည်းမှာ သားအိမ်က ဆီးအိတ်ကို ဖိထားတာကြောင့် လည်းကောင်း၊ ကျောက်ကပ်အရည် စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မား လာခြင်းကြောင့် လည်းကောင်း ဆီးမအောင့်နိုင်ဘဲ ဆီးများများ သွားခြင်းနှင့် မကြာခဏ သွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသက်ရှူ အင်္ဂါ အဖွဲ့အစည်းမှာ ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်စီဂျင်ကို အလျင်မီအောင် အားစိုက် ရှူရှိုက်ရတဲ့အတွက်ကြောင့် အသက်ရှူနှုန်း မြန်လာပြီး အဆုပ်ရဲ့ပုံမှန် လေ၀င်လေထွက်နိုင်သည့် အကျယ်အ၀န်း (Tidal Volume) များ လာကာ ချွဲသလိပ်တွေကို ပုံမှန်ထက် ပိုအထွက်များလာစေတယ်။

နှလုံးသွေးကြော အဖွဲ့အစည်းမှာ သွေးအထုတည် များလာခြင်းနှင့် နှလုံးမှ သွေးလွှတ်ကြောသို့ ထုတ်ပေးသည့်သွေး (Cardiac Output) များခြင်းတို့ကြောင့် သွေးဖိအား များလာစေပြီး နှလုံးသို့ ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှု နှေးကွေး လာတဲ့အတွက်ကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အထူးသဖြင့် ခြေသားလုံး တ၀ိုက်တွင် သွေးပြန်ကြောများ ထုံးပြီး သွေးပြန်ကြော ပိတ်ဆို့ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် တယောက်ဟာ ဒီလိုပုံမှန်မဟုတ်တဲ့ လက္ခာတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ ကျန်းမာရေး မထိခိုက်စေဖို့အတွက် အစာအာဟာရကို မျှတအောင် စားသုံးဖို့ အထူးလိုအပ်ပါတယ်။


ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ... သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ... အကြမ်းဖျင်း စားသုံးရမယ့် အစားအစာ များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ် ...
  • သစ်သီးများနဲ့ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ပြောင်းအစရှိတဲ့အနှံများကိုများစွာစားသုံးပါ..

  • အဆီနည်းသောနို့ထွက်ပစ္စည်းများ၊ အဆီနည်းသောအသားများကို သင့်တင့်စွာစားသုံးပါ..

  • အဆီများသောအစားအစာ၊ သကြားများသောအစားအစာ၊ ငန်သောအစားအစာများကိုအနည်းငယ်မျှသာစားသုံးပါ..

  • အဆီမပါသောအသားများ၊ ကြက်သား၊ ငါးများကိုစားသုံးပါ..

  • ပဲမျိုးစုံ၊ မြေပဲနှင့်အခြားသီးနှံအစေ့များကိုစားသုံးပါ..

  • အစိမ်းရောင်ရှိသောအရွက်များကိုစားသုံးပါ..
ကိုယ်ဝန်ဆောင် ကာလတွင် အဓိက လိုအပ်သော အာဟာရဓါတ်မှာ ဖောလစ်အက်စစ်နဲ့ သံဓါတ် တို့ ဖြစ်ပါတယ် ... ဖောလစ်အက်စစ် ဟာ သန္ဓေသားရဲ့ အာရုံကြောစနစ် ဖွဲ့စည်းမှုမှာ မရှိမဖြစ် အရေးကြီး လိုအပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...
ပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...

ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝသောအစားအစာများ


အကြွယ်ဝဆုံးအစားအစာများ


ဒုတိယအကြွယ်ဝဆုံးအစားအစာများ


တတိယအကြွယ်ဝဆုံးအစားအစာများ


ကညွတ်ပင်
ဂေါ်ဖီထုပ်
မုန်လာဥဝါ
အစိမ်းရောင်ပန်းဂေါ်ဖီ်
ပန်းဂေါ်ဖီ
အာလူး
ပဲနီလေး
တရုတ်နံနံ
ခရမ်းချဉ်သီး
ပဲသီးခြောက်များ
လိမ္မော်သီး၊ လိမ္မော်ရည်
စတော်ဘယ်ရီ
ဟင်းနုနွယ်
ကြက်သွန်နီတစ်မျိုး(leeks)
ဆော်လမွန်ငါး
ပဲဝါကလေး
ရွှေပဲ
သစ်ကြားသီး

ဂျူံစေ့
ဆားမပါသောမြေပဲ




ကိုယ်ဝန် ဆောင်စဉ်အတွင်း အခြား လိုအပ်တဲ့ဓါတ်မှာ သံဓါတ် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလမှာ ရာသီသွေး မဆင်းတဲ့ အတွက် သံဓါတ် ဆုံးရှုံးမှု လျော့နည်း ပါတယ် ... သန္ဓေသား ကြီးထွား ဖွံ့ဖြိုး ကျန်းမာမှု အတွက် သံဓါတ်ဟာ အရေးကြီး ပါတယ် ... ဒါ့ကြောင့် စားသုံးသော အစာမှာ သံဓါတ် အပါအဝင် အာဟာရ ပြည့်ဝဖို့ လိုအပ်ပါတယ် ... အောက်တွင် အာဟာရ ဓါတ်များနှင့် ၎င်းတို့ကို အကြွယ်ဝဆုံး ရရှိနိုင်တဲ့ အစားအစာများကို ယှဉ်တွဲ ဖော်ပြ ပေးလိုက် ပါတယ် ...

အာဟာရဓါတ်များနှင့် ၎င်းတို့ကိုရရှိနိုင်သောအစားအစာများ


အာဟာရဓါတ်များ


ခန္ဓာကိုယ်အတွက်အသုံးဝင်ပုံ


အကြွယ်ဝဆုံးရနိုင်သောအစားအစာများ


ပရိုတိန်း(အသားဓါတ်)
ဆဲလ်တည်ဆောက်ကြီးထွားမှုနှင့် သွေးတည်ဆောက်မှု
အဆီမဲ့အသားများ၊ ကြက်ဘဲငှက်အသားများ၊ ငါး၊ ကြက်ဥအကာ၊ ပဲမျိုးစုံ၊ တိုဖူး
ကစီဓါတ်
နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အင်အားဓါတ်
နှံစားပင်သီးနှံများ၊ အာလူး ပိန်းဥ ကန်စွန်းဥ အစရှိသည့်ဥများ၊ အသီးအနှံဟင်းသီးဟင်းရွက်များ
အဆီဓါတ်
ခန္ဓာကိုယ်အတွက်စွမ်းအင်သိုလှောင်မှု
အဆီပါအသားများ၊ မလိုင်ပါနို့နှင့်နို့ထွက်ပစ္စည်းများ၊ မြေပဲ သီဟိုစေ့ကဲ့သို့အစေ့များ၊ မာဂျရင်း၊ ပဲဆီ နှမ်းဆီ နေကြာဆီကဲ့သို့ သီးနှံဆီများ၊
ကယ်လ်စီယမ်
အရိုးနှင့်သွားများတည်ဆောက်မှု၊ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊
နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဆာဒင်း ဆယ်လ်မွန်ကဲ့သို့ အရိုးပါစားနိုင်သောငါးများ၊ ဟင်းနုနွယ်
သံဓါတ်
သွေးနီဥတည်ဆောက်မှု
အဆီမပါနီသောအသားများ၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင်အရွက်များ၊
ဗိုက်တာမင် A
အရေပြားကျန်းမာမှု၊ မျက်စိအမြင်ကောင်းမှု၊ အရိုးကြီးထွားမှု
မုန်လာဥနီ၊ အစိမ်းပုပ်ရောင်အရွက်များ၊ အဝါရောင်အသီးများ၊
ဗိုက်တာမင် C
သွား သွားဖုံး အရိုးကျန်းမာမှု၊ သံဓါတ်စုပ်ယူမှု
သံပုရာ လိမ္မော် ရှောက် ဂရိတ်ဖရုအစရှိသည့်အသီးများ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သစ်သီးဖျော်ရည်များ၊
ဗိုက်တာမင် B6
သွေးနီဥတည်ဆောက်မှု၊ ကစီဓါတ် အသားဓါတ် အဆီဓါတ်လုပ်ငန်းများ အားပေးမှု
ဝက်သား၊ နှံစားပင်သီးနှံများ၊ ငှက်ပျောသီး၊
ဗိုက်တာမင် B12
သွေးနီဥတည်ဆောက်မှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊
အသား၊ ငါး၊ ကြက်ဘဲငှက်သားများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊(နို့ထွက်ပစ္စည်းများပါရှောင်သော သတ်သတ်လွတ်စားသူများဟာ ဗိုက်တာမင် B12ချို့တဲ့နိုင်ပါတယ်..)
ဗိုက်တာမင် D
အရိုးနှင့်သွားများခိုင်မာမှု၊ ကယ်လ်စီယမ်စုပ်ယူခြင်းကိုအားပေးမှု
နို့နှင့်နို့ထွက်ပစ္စည်းများ၊ နှံစားပင်သီးနှံများ၊ ပေါင်မုန့်၊


နှံစားပင်သီးနှံ(Cereals)=ဆန်၊ ဂျုံ၊ ပြောင်း ကဲ့သို့နှံစားပင်များ

ကိုယ်ဝန်သည်များအတွက် ဟင်းသီးဟင်းရွက်ရဲ့ အရေးပါပုံ

သမီးမိန်းကလေးကို လွယ်ထားတည့် မိခင်ဖြစ်စေ သားယောက်ျားလေးကို လွယ်ထားသည့် မိခင်ဖြစ်စေ အစာ၊ အာဟာရ မျှတပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ ရရှိဖို့အတွက်နှင့် အစာခြေအင်္ဂါအဖွဲ့အစည်း ပုံမှန် အလုပ်လုပ်ကာ ၀မ်းပုံမှန် သွားစေနိုင်ဖို့အတွက် အမျှင်ဓါတ်ပုံမှန်ရရှိနေစေရန် ဟင်းသီးဟင်းရွက်ကို ကိုဝန်သည်တိုင်း မဖြစ်မနေ စားသုံးရန် လိုအပ်ပါတယ်။ အမျှင် (Fibre) များ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ အစားအစာများ ဖြစ်ပြီး အစာချေ အင်္ဂါအဖွဲ့အစည်းက ကျေညက်အောင် ဖျက်နိုင်မှု မ၇ှိတဲ့အတွက် တခြား အမျှင်မပါတဲ့ သွားရေစာ အစားအစာတွေလို ခန္ဓာကိုယ်အတွက် ပိုသျှံတာကို အချိုဓါတ်အဖြစ် ပြောင်းလဲပြီး သိမ်းထားနိုင်ခြင်း မရှိတဲ့အတွက် အချိန်မှန် စားပေးရန် လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တဲမှာ ပါတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံက ခန္ဓာကိုယ်အတွက် စုပ်ယူပြီးတဲ့အချိန်မှာ အစာချေ၍ မရနိုင်တဲ့ အဖတ်တွေကို ဆဲလ်မှ အသုံး မပြုနိုင်တော့တဲ့အတွက် အူလမ်းကြောင်း တလျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး အစာဟောင်းအဖြစ် စွန့်ပစ်ရတဲ့အတွက် အမျှင်ဓါတ်ဟာ အူလမ်းကြောင်းအတွက် နေ့စဉ် စားသုံးဖို့ တကယ်လိုအပ်ပါတယ်။ အမျှင်တွေက အူနံရံမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ၀မ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြုပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်သည်တယောက်ဟာ အမျှင်ဓါတ်ကို များများစားပြီး ရေကိုများများ သောက်ဖို့ အထူး လိုအပ်ပါတယ်။

စားသုံးသင့်သည့် ဟင်းသီးဟင်းရွက် ပမာဏ

ဟင်းသီးဟင်းရွက်ကို ပုံမှန် လူတယာက် တခါစားအတွက် ပမာဏကို Australian Guide Line for Healthy Diet မှာ အောက်ပါအတိုင်း အကြံပြုထားပါတယ်။ ကိုယ်ဝန်သည်က ဒီထက်ပိုစားသင့်ပါတယ်။

- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ (သို့မဟုတ်)
- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ (သို့မဟုတ်)
- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ကြောင်း အကြိမ်ပြုထားပါတယ်။ ဟင်းသီးဟင်းရွက်က ခန္ဓာကိုယ်အတွက် အများဆုံး လိုအပ်တဲ့ ပမာဏဖြစ်လို့ အစာအိမ်က လက်ခံ ပါက သတ်မှတ် ထားတဲ့ ပမာဏထက် ပိုစားနိုင်ပါတယ်။

လူတိုင်းအတွက် ဟင်းသီးဟင်းရွက် စားရန် အကြံပြုချက်

အမျှင်ဓါတ် ဟင်းသီးဟင်းရွက် စားသုံးမှု နည်းပါက ရောဂါပေါင်းများစွာကို လက်ယပ် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဟင်းသီးဟင်းရွက် မစားဘဲနဲ့ အူလမ်းကြောင်းကို ရေရှည် ပုံမှန် အလုပ်မလုပ်နိုင်ပါ။ ၀မ်းချုပ်ပြီး လိပ်ခေါင်းရောဂါ ရခြင်း၊ အစာအာဟာရ ချို့တဲ့ခြင်း (သို့) အ၀လွန်ခြင်းနှင့် အူမကြီးကင်ဆာ ဖြစ်ခြင်း၊ နှလုံး ဆီးချို စတဲ့ အသက်ကြီးလာတာနဲ့အမျှ ဖြစ်လာတဲ့ ရောဂါပေါင်းများစွာဟာ အမျှင်ဓါတ်ခေါ် ဟင်းသီးဟင်းရွက် အစားနည်းတဲ့အချက်ကြောင့်လည်း အများဆုံးပါဝင်ပါတယ်။ ၀မ်းတလုံး ကောင်းရင် ခေါင်းမခဲဘူးလို့ ရှေးလူကြီးတွေ ဆိုရိုးစကားက တကယ်ကိုမှန်ပါတယ်။ ၀မ်းတလုံးကောင်းရင် အခုတော့ ခေါင်းမခဲရုံတင်မက အသက်ကြီးလာရင် ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲ ရောဂါများပေါင်း များစွာကိုပါ ၀မ်းတလုံးကို ကောင်းအောင် ထိန်းသိမ်းခြင်းဖြင့် ကာကွယ်နိုင်ကြောင်း လေ့လာသိရှိထားပြီး ဖြစ်ပါတယ်။ ၀မ်းတလုံးကောင်းဖို့အတွက် ဘာမှမခက်ပါ ဟင်းသီးဟင်းရွက်ကို နေ့စဉ်ပုံမှန်စားသုံးရုံသာ ဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းတလုံးကောင်းဖို့အတွက် အမျှင်ဓတ် ဟင်းသီးဟင်းရွက်ကို ကိုယ်ဝန်ဆောင်တွေသာမက လူတိုင်းနေ့စဉ် စားသုံးသင့်ကြောင်း အကြံပြုလိုက်ပါတယ်။


No comments:

Post a Comment