Friday 6 September 2013

ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်.



ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်.
၁..။ ချစ်သူတို့သဘာဝ အပြင်ထွက်သွားလာစားသောက်တဲ့အခါ မြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။ (ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။ ) ၂..။မိမိထက်လှသူ ဘေးကများဖြတ်လျှောက်သွားသောအခါချစ်သူကောင်လေးက မသိမသာဖြစ်စေ၊သတိလက်လွတ်၍ သိသိသာသာကြီးဖြစ်စေ လိုက်လံငေးမောကြည့်မိသောအခါလူရှေ့သူရှေ့ မရှောင် ဆွဲဆိတ်ထုနှက်ရိုက်ပုတ်တတ်သောမိန်းမ..။(အရှက်ကွဲလိမ့်မည်..။ လူ့အခွင့်အရေးဆူံးရှုံးသွားသည်ဟုသင်မကြာခဏခံစားရလိမ့်မည်)
၃..။ နေရာဒေသမရွေး၊လူသူလေးပါးမရှောင်လွန်ကဲစွာ ချိုအီချွဲနွဲ့ ပြောဆိုဆက်ဆံတတ်သောမိန်းမ (အစပိုင်းကာလတွင်မတော့သင့်အတွက်သာယာကောင်းသာယာနာပျော်ဖွယ်ဖြစ်လိမ့်မည်.။သို့သောကြာလေကြာလေ စိတ်ပျက်စရာကောင်းလေ၊သူစကားလာပြောမှာကိုတောင်သင်စိုးရွံလာလိမ့်မည်..၊မူးချင်သလိုအန်ချင်သလိုလိုခံစားလာရလိမ့်မည်) ၄..။သင့်စကားတစ်လုံးအားဖင်ပြန်ခေါင်းပြန်တွေးကာအခဲမကြေတစ်နုံ့နုံ့နှင့်သတိရလျင်ရသလိုစကားနာထိုးနားကိုနှိပ်စက်တတ်သောမိန်းမ (သင်ဘယ်လောက်ရှင်းပြရှင်းပြ ။ရှင်းလေရှုပ်လေဖြစ်ကာ သင်ပဲတိုင်ပတ် တစ်ပတ်ခုနှစ်ရက်ချော့ ရလိမ့်မည်) ၅..။သင်နှင့်တွေ့ဆုံသည့်အခါတိုင်းသူမအကြောင်းထက်သူတစ်ပါးအကြောင်းကိုဟုတ်တာရောမဟူတ်တာပါ တစ်တွတ်တွတ်ပြောတတ်သောမိန်းမ ( ဆက်လက်လက်တွဲပါက စကားရှုပ်တတ်သောသူမအတွက် သင်ရှေ့နေကောင်းကောင်း လိုအပ်လာပါလိမ့်မည်) ၆..။ ရုပ်ရှင်ကြည့်ရန် ပွဲကြည့်ရန် Live show ပွဲတွေကြည့်ရန်ဝါသနာအလွန်ပါသော်လည်း စာဖတ်ရန် လုံးဝ ဝါသနာမပါသောမိန်းမ (သင့်နံဘေးမှာရှိသောအမျိုးသမီးလေးသည် မည်မျှပင်ချောမောလှပနေစေကာမူ စာဖတ်နည်းသည့်အတွက် အပေါ်ယံရွှေမှုန်ကြဲအထဲကနောက်ချေးခံ အလှမျိုးသာဖြစ်လိမ့်မည်..။ ) ရ..။တစ်နေ့တာဖြစ်ပျက်သမျှ.၊အိပ်ရာထမှအိပ်ရာဝင်သူမမည်သူနှင့်မည်သည့်စကားပြောသည်မည်သည့်အရာစားသည်.။ တစ်နေ့တစ်နေ့မရိုးသောပြဿနာပေါင်းစုံအား သင့်စိတ်အခြေအနေကိုမမေး သူချည်းသာတစ်တွတ်တွတ်ပြောတတ်သောမိန်းမ ( အဓိပါယ်ကတော့ မျှဝေခံစားသည်ဟုမည်သော်လည်းမလိုအပ်သောကိစ္စတော်တော်များများကိုနေ့စဉ်ကြားလာရသော […]

No comments:

Post a Comment