Friday 6 September 2013

တုံ့ပြန်မှုသုံး လက်နှိပ်ပညာ



တုံ့ပြန်မှုသုံး လက်နှိပ်ပညာ
နာကျင်ခြင်း ဝေဒနာတွေထဲမှာ အဆိုးရွားဆုံး နာကျင်မှုဟာ သွားကိုက်ခြင်းပါပဲ။ သွားကိုက်ရာမှာ ခံစားရတဲ့ ဝေဒနာဟာ တခြား နာကျင်မှုတွေနဲ့ မတူပါဘူး။ အထူးသဖြင့် ညည့်နက်သန်းခေါင် အိပ်ပျော်နေချိန်မှာမှ အိပ်ပျော်ရာက လှုပ်နိုးလိုက်သလို သွားကိုက်ဝေဒနာက လူကို နိုးပေးနိုင်ပါတယ်။ ညဘက် အချိန်မတော် ကိုက်ပြီဆိုမှဖြင့် ဒီသွားတွေကပဲ ဖြစ်တတ်ပါတယ်။

အနီးအနားမှာ ဆရာဝန် မရှိ, သွားပြဖို့ကလည်း မလွယ်နဲ့ဆိုတော့ တုံ့ပြန်မှုသုံး လက်နှိပ်ပညာကို အားကိုးရပြီပေါ့။ အားထားရလောက်အောင်လည်း လက်နှိပ်ပညာက စွမ်းဆောင်ပေးပါတယ်။
အကယ်၍ ကိုက်နေတဲ့ သွားဟာ ရှေ့သွား၊ ဘယ်ဘက်က သွားတွေဆိုရင်  ဘယ်ဘက် လက်မနဲ့ လက်ညှိုးကို နှိပ်နယ်ပေးပါ။



အကယ်၍ ညာဘက်ခြမ်းက သွားတွေဆိုရင်လည်း ညာဘက်က လက်မနဲ့ လက်ညှိုးကို နှိပ်နယ်ပေးပါ။ ကိုက်တဲ့သွားတွေပေါ် မူတည်ပြီး လက်မ၊ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း ဆိုင်ရာကို နှိပ်နယ်ပေးရင် အကိုက်ဝေဒနာ ချက်ချင်း သက်သွားပါလိမ့်မယ်။


ဆိုးဆိုးရွားရွား ကိုက်ခဲနေရင်တော့ သက်ဆိုင်ရာ လက်ချောင်းကလေးတွေပေါ်မှာ ရှိတဲ့ နှိပ်ကွက်တွေကို ဘီးသွားကို အသုံးပြုပြီး ဖြစ်စေ၊ ရော်ဘာကွင်းကို အသုံးပြုပြီးဖြစ်စေ၊ ဒါမှမဟုတ် လက်သည်းထိပ်နဲ့ ထိုးဖိထားပြီး ဖြစ်စေ၊ ဖိအားကို အဆက်မပြတ် သုံးတဲ့နည်းနဲ့ နှိပ်ပေးပါ။ တချို့ဆိုရင် ရှေ့သွားတွေနဲ့ ကိုက်ထားပြီး သက်ဆိုင်ရာ လက်ချောင်းကလေးတွေပေါ်မှာ ရှိတဲ့ တုံ့ပြန်မှုပေးတဲ့ နေရာတွေကို လှုံ့ဆော်ပေးတာ တွေ့ရပါတယ်။


ဒီနည်းကို အသုံးပြုပြီး သွားစိုက်ဆရာဝန်၊ သွားဆရာဝန်တွေဆီရောက်တဲ့အထိ နာကျင်ကိုက်ခဲမှုကို ထိန်းထားနိုင်ပါတယ်။
ဖိအားပေးပြီး နှိပ်နယ်မှုပေးရမယ့် အချိန်ကာလကတော့ (၅)မိနစ်ကနေ (၂၀)မိနစ်အထိ ဝေဒ
နာ အပြင်းအပျော့ပေါ်မူတည်ပြီး ပေးနိုင်ပါတယ်။

တညလုံးကိုက်နေတဲ့ လူနာတဦးဆိုရင် လက်နှစ်ဖက်စလုံးပေါ်မှာ တပြိုင်တည်း ဖိအားပေး နှိပ်နယ်မှုကို (၁၀)မိနစ်သာ လုပ်ရပါတယ်။
ဝေဒနာတွေဟာ ယူပစ်သလို ပျောက်သွားပါတယ်။ ရော်ဘာကွင်းနဲ့ ဆက်လက်ဖိအားပေးပြီး နှိပ်နယ်တဲ့အခါမှာ အများဆုံး (၅)မိနစ်သာ ကြာပါစေ။

သွေးမလျှောက်မှာ စိုးရိမ်ရတဲ့အတွက် (၅)မိနစ်ကြာတာနဲ့ ရော်ဘာကွင်းတွေကို စည်းထားရာက ဖြေလျှော့ပေးဖို့လိုပါတယ်။
လက်ချောင်းကလေးတွေအပြင် ခြေချောင်းကလေးတွေမှာလည်း သွားကိုက်ဝေဒနာအတွက် (Sone point) နာကျင်မှုပေးတဲ့ နေရာလေးတွေ ရှိပါတယ်။ အဲဒီနေရာလေးတွေကို ရှာဖွေပြီး ဖိနှိပ်ပေးရင် ပိုပြီးအကျိုးထူးပါတယ်။ နောက်ထပ်လည်း သွားကိုက်တာ ပြန်မဖြစ်တော့တဲ့အထိ ထူးခြားပါတယ်။

ကော်နဲလ် တက္ကသိုလ်က သွားပါရဂူ ဒေါက်တာ လဲနက်ကရွတ်နဲ့ လီယိုလူဝပ်တူ-ရဲ့ စမ်းသပ်မှုများအရ သွားဝေဒနာရှင်တွေကို ကယ်လ်ဆီယမ်ကျွေးပြီး တုံ့ပြန်မှုသုံး လက်နှိပ်ပညာနဲ့ ပေါင်းစပ်ကုသပေးတဲ့အခါ အသက် (၂၁) နှစ်က (၆၈)နှစ်အတွင်းမှာရှိတဲ့ လူပေါင်း (၈၀)ကျော်ဟာ သွားတွေပိုပြီး ခိုင်ခံ့လာတာတွေ့ရကြောင်း သိရပါတယ်။ အသက်ရှည်တဲ့အထိ သွားတွေခိုင်ခံ့နေတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒေါက်တာ အောင်နိုင် (ဆေး-သုတေသန)

No comments:

Post a Comment