Friday 6 September 2013

ဆံသား မကြာခဏ ပြုပြင်တတ်သူများအတွက် ဆံသားနှင့် ဦးရေပြား ထိန်းသိမ်းမှု

0727lhair
ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက် အမျိုးမျိုး ပြုပြင်တတ်သူတွေ အနေနဲ့ ဆံသားနဲ့ ဦးရေပြားကို ကောင်းမွန်နေရအောင် ပြုပြင်ပေးမှုနဲ့ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ဆံပင်သားပါးလွှာသူတို့ သုံးသင့်တဲ့ ပေါင်းဆေး အမျိုးသမီးအများစုဟာ ဆံသား ပါးလွှာတာကို သိပ်ပြီး ကြိုက်နှစ်သက်မှု မရှိလှပါဘူး။ ဆံသား ပါးလွှာတာကို ပျော့ဆေး အများကြီး သုံးမိရင် ပိုပြီး ပြားကပ်နေတတ်ပါတယ်။ ဒါကြောင့် ဆံသား ပါးလွှာသူတွေ အနေနဲ့ သင့်ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေမှာ Cyclome-thicone နဲ့ Dimethicone ဆိုတဲ့ ပေါင်းစပ်မှုတစ်မျိုး ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းမျိုးကို ရွေးဝယ်ပါ။

သင့်ဆံသားကို တစ်လွှာချင်း ပျော့ပျောင်းနေစေပြီး ဆံပင်က ကပ်မနေတော့ပါဘူး။ ငါးနဲ့ အစေ့အဆန် စားပါ ဆံသားကို အာဟာရဖြစ်စေမယ့် အစားအစာတွေမှာ ပရိုတင်းဓာတ်၊ ဇင့်၊ဘိုင်အိုတင်နဲ့ အိုမီဂါသရီးတွေပါဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ ဆယ်လ်မွန်ငါး၊ အစေ့အဆန်၊ မုန်လာဥနီ စတာတွေက ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေပါတယ်။ ဆံသား တောက်ပနေအောင် ရေနွေးနွေးသုံးပါ အရမ်းပူလွန်းတဲ့ ရေကိုသုံးရင် ဦးရေပြားကို အပူလောင်စေနိုင်ပါတယ်။ ဗောက်ထတတ်တဲ့ ဦးရေပြားပိုင်ရှင်တွေက အရမ်းအေးလွန်းတဲ့ ရေကို မသုံးသင့်ပါဘူး။ ဆံသားတောက်ပြောင်ပြီး၊ ဦးရေပြား ခြောက်သွေ့မှုကင်းအောင် ရေနွေးနွေးလေးနဲ့ လောင်းပြီး ခေါင်းလျှော်ရည်နဲ့ ပွတ်တိုက်နေချိန်မှာ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးကာ ရေနွေးနွေးနဲ့ပဲ ဆေးချလိုက်ပါ။ ဆံပင်အဖျားအထိ ပရိုတင်း ရပါစေ ဆံသား ဆေးဆိုးတာပဲဖြစ်ဖြစ်၊ ဆေးနဲ့ထိတာ များလို့ပဲဖြစ်ဖြစ် ဆံပင်အဖျား နေရာလေးတွေ ပျက်စီးတတ်ပါတယ်။ ဆံပင်အဖျားကို မကြာခဏ ညှပ်ပေးပြီး ပေါင်းဆေးနဲ့ ပျော့ဆေးမှာ ပရိုတင်းပါတာမျိုးကို ရွေးပြီး ခေါင်းလျှော်ပြီးတိုင်း ဆံပင်အဖျားတွေကို သုတ်လိမ်းကာ ၁၀ မိနစ်လောက်ကြာမှ ရေဆေးချပါ။ တတ်နိုင်သမျှ အပူနည်းပါစေ ဆံပင်ကို ဆေးအရောင်ဆိုးတာ၊ ကောက်တာနဲ့ ဆံသား ကောက်ထားသူတွေ သုံးတတ်တဲ့ ဆံပင်လိမ်းဆေးတွေကြောင့် ဦးရေပြားက ခြောက်သွေ့နေတတ်ပါတယ်။

ဒါကြောင့် ခေါင်းလျှော်ပြီးချိန်မှာ ဆံပင် အခြောက်ခံမယ်ဆိုရင် အတတ်နိုင်ဆုံး အပူချိန်နည်းပါစေ။ ဗောက်ထရင် ဆီကုထုံး မခံယူပါနဲ့ ဗောက်ထတယ်ဆိုတာ ဦးရေပြား ခြောက်သွေ့ရာကနေ ဖြစ်တတ်တာမျိုးဖြစ်တာကြောင့် တချို့က ဦးရေပြားကို ဆီးတစ်မျိုး ပွတ်လိမ်းပြီး ကုသတတ်ကြပါတယ်။ လေ့လာမှုတွေအရ ဒါဟာ ဦးခေါင်းပေါ်က အဖြူဖတ်တွေကို ပိုပြီး ပွားစေနိုင်တာကြောင့် ဗောက်ထတာကို ကုသချင်တယ်ဆိုရင် အရေပြားဆရာဝန် ဒါမှမဟုတ် အလှအပရေးရာ ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုယူပြီး ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။ ခေါင်းဖြီးချိန် သတိရှိပါ ပုံမှန်အားဖြင့် ခေါင်းဖြီးချိန်မှာ ဆံပင် ၅၀ ကနေ ၁၀၀ အထိ ကျွတ်တတ်ပါတယ်။ ပုံမှန်ထက်ပိုပြီး ဆံသား ဆုံးရှုံးမှုတွေ မဖြစ်အောင် ရေစိုနေချိန်မျိုးမှာ ခေါင်းမဖြီးပါနဲ့။ မကြာခဏဆိုသလို ခေါင်းဖြီးတဲ့အကျင့်ကိုလည်း ပြင်လိုက်ပါ။ စတိုင်ထုတ်ဖို့ ဆံပင်အပျက်အစီး မခံပါနဲ့ တချို့ ဆံပင်စည်းနှောင်မှု ပုံစံတွေကြောင့် ဆံပင်ကို ထိခိုက်စေတတ်ပါတယ်။ တင်းကျပ်စွာ စည်းနှောင်တာမျိုး၊ အထူးသဖြင့် ဆံပင်တွေ စိုစွတ်နေချိန်မျိုးမှာ ပိုနီတေးစည်းထားတာမျိုးနဲ့ ကျစ်ဆံမြီးကျစ်ထားတာမျိုးကို မလုပ်သင့်ပါဘူး။ ဈေးကြီးတိုင်း ကောင်းတယ်မထင်ပါနဲ့ ကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်နိုင်မှ ပစ္စည်းကောင်းကောင်းရမယ် ထင်နေရင် မှားမှာပေါ့။ အဓိက လိုအပ်တာက သင့်ဆံသားပုံစံနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်၊ ပျော့ဆေးတွေပဲ လိုအပ်တာပါ။ တကယ်လို့ သင်က ဆံသားကို အရောင်ဆိုးထားသူ၊ ကမ်မီကယ်လ်ပါဝင်တဲ့ ဆေးတွေ ထိထားသူဆိုရင် သင့်ဆံသားကိုလိုက်ပြီး၊ လိုအပ်တဲ့ ဆံပင် အသုံးပြု ပစ္စည်းတွေကို ရွေးချယ်လိုက်ပါတယ်။ အရောင်အသင့်အတင့်သာ ဆိုးပါ ဆံသားအရောင် ပိုပြီးတောက်ဖို့ ချွတ်ဆေးသုံးရတဲ့ ဆံသားတွေဟာ ပုံမှန်အရောင်ဆိုးတဲ့ ဆံပင်သားတွေထက် ပိုပြီး ပျက်စီးလွယ်တတ်ပါတယ်။ ဆံပင်ဖွံ့ဖြိုးမှု နှေးလာတတ်ပြီး ဆံသား အားနည်းလာတတ်ပါတယ်။

ဆောင်းတွင်းမှာ ပိုပြီးဂရုစိုက်ပါ ဆောင်းရာသီမှာဆိုရင် ဘာမှ ပြုပြင်ပြောင်းလဲထားမှု မရှိတဲ့ ဆံသားဆိုရင်တောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။ ပတ်ဝန်းကျင်က စိုထိုင်းနေတတ်တာကြောင့် ခေါင်းလျှော်ရည်ကို pH ညီမျှစေတာမျိုး ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ ကောက်ထားတဲ့ ဆံသားတွေကို မဖြီးပါနဲ့ အထူးသဖြင့် ကောက်ထားတဲ့ ဆံသားတွေကို ဘီးနဲ့ဖြစ်စေ၊ ဘရပ်ရှ်နဲ့ဖြစ်စေ အတင်းမဖြီးပါနဲ့။ ဆံပင်အဖျား နေရာလေးတွေက ခြောက်သွေ့ကွဲအက်တတ်တာကြောင့် မကြာခဏ ညှပ်ထုတ်ပေးပါ။ ပျော့ဆေးသုံးပေးပြီး၊ အပူသိပ်မထိပါနဲ့။ အရောင်ခဏခဏမပြောင်းပါနဲ့ ဆံပင်အရောင် မကြာခဏ ပြောင်းတာကြောင့် ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ ဆံပင်အရောင်ကို အချိန်အနည်းငယ်အတွင်း သုံးရောင်ထက်ပိုပြီး မပြောင်းသင့်ပါဘူးလို့ ဆိုပါတယ်။ ဆံပင်ကို နေလောင်မှုမှ ကာကွယ်ပါ။ ဆံသားနဲ့ ဦးရေပြားပေါ်ကို နေရောင်ခြည် တိုက်ရိုက်မကျရောက်အောင် ကာကွယ်ဖို့ လိုပါတယ်။ ထီး၊ ဦးထုပ်ဆောင်းတာမျိုး၊ နေရောင်ခြည်ဒဏ်ကို ကာကွယ်တဲ့ ခေါင်းလိမ်းဆီ သုံးတာမျိုးနဲ့ ကာကွယ်ပါ။

ရေကူးကန်ထဲ မဆင်းခင် ခေါင်းလျှော်ထားပါ ကလိုရင်းဓာတ်ကြောင့် ဆံသားပျက်စီးမှုကို ကာကွယ်နိုင်စေဖို့ သင့်ဆံသားတွေကို ရေကူးကန်ထဲဆင်းပြီး ရေမကူးခင်ကတည်းက လျှော်ထားလိုက်ပါ။ ဒါဆို သင့်ဆံပင်က ရေစိုနေပြီးသားဖြစ်တဲ့အတွက် ရေကူးကန်ထဲက ရေတွေကို မစုပ်ယူနိုင်တော့တာကြောင့် ကလိုရင်းကြောင့် ဆံသားပျက်စီးမှု မဖြစ်နိုင်တော့ပါဘူး။ ဆံသား ပျက်စီးမှုအတွက် အချိန်ယူပါ သင့်ဆံသားဟာ အကြောင်းတစ်ခုခုကြောင့် ပျက်စီးနေတယ်ဆိုရင် နောက်ထပ် စတိုင်တစ်ခုကို ပြောင်းလဲဖို့အတွက် အချိန်ပေးဖို့လိုပါတယ်။ ချက်ချင်းကြီး ပြုပြင်ပြောင်းလဲလို့ မရတဲ့ထဲမှာ ဆံသားပျက်စီးမှုလည်း ပါတယ်ဆိုတာ နားလည်ပေးဖို့ လိုပါတယ်။ နောက်ထပ် ပေါက်လာတဲ့ ဆံသားတွေ ခဏစောင့်ပြီး ဆံပင်သား ပြန်ကောင်းလာအောင် မွေးမြူဖို့ အချိန်စောင့်ပါ။ ရုတ်တရက် ဆံပင်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုကြုံရင် ရုတ်တရက် သင့်ဆံပင်တွေက ပုံမှန်ထက် အရမ်းကျွတ်တာမျိုး၊ ပြက်ထွက်တာမျိုးတွေဖြစ်ရင် သိုင်းရွိုက်နဲ့ သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်နိုင်ပြီး၊ ရောဂါကို ခုခံနိုင်တဲ့ စနစ်တစ်ခုခု ချို့ယွင်းတာကြောင့် ဖြစ်နိုင်ပါတယ်။ တချို့ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကြောင့် နားလည်တဲ့သူနဲ့ တိုင်ပင်ဖို့လိုပါတယ်။

လမင်းလေး

No comments:

Post a Comment