Saturday 7 September 2013

အကြောက်တရားနဲ့ မဆုံးမဘဲ အသိတရားနဲ့ ယဉ်ကျေးလိမ်မာဖို့

0714child(ဓာတ်ပုံ – aboutchildpsychology.com)

“ကလေးကို ရိုက်နှက် ဆုံးမတာမကောင်းဘူး၊ မရိုက်ရဘူး” ဆိုတဲ့ စကားကို မိဘတော်တော်များများနဲ့ ဆရာ၊ ဆရာမ တော်တော် များများ ကြားဖူးကြမှာပါပဲ။ ဒါပေမယ့် ဘာကြောင့် မရိုက်ရသလဲ၊ ဘာဖြစ်လို့ မရိုက်သင့် သလဲဆိုတဲ့ ကိစ္စကိုတော့ သေသေချာချာ သိရှိသူ နည်းပါတယ်။

ဒါကြောင့်မို့ တချို့မိဘ၊ ဆရာများကလည်း ကလေးကို ရိုက်နှက်ဆုံးမခြင်းဟာ ကောင်းတယ် ဆိုတဲ့ အယူအဆကို ဆက်လက် စွဲကိုင်ပြီးတော့ ရိုက်ပြီး ဆုံးမနေကြတုန်းပါပဲ။ တချို့ကလည်း ကလေးကို မရိုက်ရဘူးလို့ ပြောတာဟာ ကလေး အသားနာ သွားမှာစိုးလို့ တားမြစ်တာလို့  ထင်မြင် ယူဆကြပြီးတော့ မနာအောင် ရိုက်တတ်ကြ ပြန်ပါရော။ တချို့ကတော့ဖြင့် ကလေးကို လုံးဝ မရိုက်ဘဲနဲ့ ကလေးရဲ့စိတ် နာကျင်ခံစား သွားတဲ့အထိ ပြောဆိုတာ၊ အော်ငေါက်တာ၊ ဆိုးဆိုးဝါးဝါး ဒဏ်ပေးတာ … စတာတွေကို လုပ်ကြပြန်ပါရော။

Friday 6 September 2013

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး

0726checkup
အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။ သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

သားအိမ်ခေါင်းကင်ဆာနှင့် သားအိမ်ခေါင်းကြည့်မှန်ပြောင်း


0723cv

အာရှတွင် သားအိမ်ခေါင်းကင်ဆာကြောင့် ၄ မိနစ်တိုင်း အမျိုးသမီးတစ်ဦး သေဆုံးနေရပါသည်။

'အမျိုးသမီးတိုင်းအတွက် ကြောက်ရွံ့စရာ သားအိမ်ခေါင်းကင်ဆာ'

• အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံးကင်ဆာ ဖြစ်ပါတယ်။
• ဒီအချက်ကို သတိပြုမိမှု တော်တော်နည်းနေသေးတာဟာအမှန်တကယ် တုန်လှုပ်စရာကောင်းလှ ပါတယ်။
• အမျိုးသမီးများရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ရန်ရှာရုံတင်မကပဲ မသေဘဲ ဝေဒနာခံစားနေရသူ များမှာလည်း ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားရပါတယ်။
• ဝေဒနာခံစားနေရသူတွေရဲ့မိသားစု၊ လုပ်ငန်းခွင်၊ လူနေမှုဘ၀၀န်းကျင်ကိုပါ အကြီးအကျယ် ပြောင်းလဲ ထိခိုက်နိုင်ပါတယ်။
• အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ်။
• သင် ရောဂါဝေဒနာခံစားရလျှင် သင်သာမက သင့်မိသားစု၊ သင့်ဝန်းကျင်၊ သင့်ကိုချစ်သောသူများ အားလုံး သင်နဲ့ထပ်တူခံစားရမယ်၊ ကြေကွဲရမယ် ဖြစ်ပါတယ်။

မိမိ ခန္ဒာကိုယ်ကို သဘာဝအလှတရားလေးတွေသုံးပြီး လှပစေချင်တဲ့ သူတွေ အတွက်ပါ


အိန္ဒိယက ဆံပင်အလှနဲ့ ကျော်ကြားပါတယ်။ သူတို့ဆံပင်ဟာ မဲ နက်တောက်ပြောင်ပြီး သန်စွမ်းတာကိုး။ ဂျပန်မလေးတွေက အရမ်းအသားအရေလှတယ်နော်။ ဘရာဇီးတွေမှာတော့ ကျစ်လစ်လှပတဲ့ 0718beautyခန္ဓာကိုယ်ရှိတယ်။ ဒါတွေက မျိုးရိုးလိုက်တာ ဟုတ်ဘူးနော်။ နိုင်ငံတိုင်းမှာ အလှအပအတွက် သူတို့ဓလေ့နဲ့ သူတို့ရှိတယ်လေ။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဲဒီဓလေ့ကြောင့်ပဲ သူတို့ အားလုံးလှနေတာပေါ့။ အဲ့ဒီတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေမှာ သူတို့ရဲ့ ထင်ရှားတဲ့အလှတရားတွေအတွက် ဘယ်လိုဓလေ့တွေရှိလဲဆိုတာကို ရင်းနှီး သလောက် ပြောပြမယ်နော်။

Itly

အီတလီတွေရဲ့ မျက်တောင်တွေဟာ စိုပြေပြီး အရမ်းလှတယ်လေ။ သူတို့ဟာ ဆယ်ကျော်သက်ဘ၀ထဲက အဖွားတို့အမေတို့ပြောလို့ ညမအိပ်ခင် မျက်တောင်ကို ကြက်ဆူဆီလိမ်းပေးတဲ့အကျင့် ရှိတာကိုး။

အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်း ၁၀



0720beauty
မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွားရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြပါတယ်။ သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက်တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။

၁) မှန်ကန်သော မျက်နှာသန့်စင်မှု နည်းလမ်းအတိုင်း လိုက်နာပါ

မှန်ကန်တဲ့ မျက်နှာသန့်စင်နည်းကို အသုံးပြုတာက အရေပြား ထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ မျက်နှာသန့်စင်ရာမှာ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားကို စင်ကြယ်အောင် သန့်စင်ဆေးကြောပေးဖို့ လိုပေမယ့် အလွန်အကျွံ သန့်စင်တာများပါက အရေပြားခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ သန့်စင်ပစ္စည်း ဝယ်ယူရာမှာ ဓာတုပစ္စည်း မပါဝင်ဘဲ အက်စစ်-အယ်လ်ကာလီ မျှခြေ ဖြစ်နေတာမျိုး ရွေးရပါမယ်။

သံပုရာသီး အစွမ်းအံမခန်း

0726lime
ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

လွယ်ကူသော အလှအပရေးရာ နည်းလမ်းများ


သင့်မျက်ဝန်း ညှိုးနွမ်းနေသလား0727face

သင့်မျက်ဝန်းက တောက်ပမှုကင်းပြီး ညှိုးနွမ်းကာ နီနေရင် မျက်စဉ်းဆေး ခတ်လိုက်ပါ။ သင့်ပိုက်ဆံအိတ် ဒါမှမဟုတ် အံဆွဲထဲမှာ မျက်စိကို အေးမြစေမယ့် (စတီးရွိုက် လုံးဝမပါဝင်တဲ့) မျက်စဉ်းဆေးကို ဆောင်ထားသင့်ပါတယ်။

မျက်နှာမှာ ချွေးပေါက်ကျယ်တွေ ကင်းလိုပါသလား

ချွေးပေါက်ကျယ်တွေ ကျဉ်းလိုရင် ဒါမှမဟုတ် ချွေးပေါက်ကျယ်တွေ မရှိအောင် ကာကွယ်လိုရင် သင်စားတဲ့ အစားအစာထဲမှာ သကြားမပါအောင် ဂရုစိုက်ပါ။ သကြားဖြူတွေကို စားတာများလေလေ၊ ချွေးပေါက် ပိုကျယ်လာလေလေ ဖြစ်တတ်ပါတယ်။

ဆံသား မကြာခဏ ပြုပြင်တတ်သူများအတွက် ဆံသားနှင့် ဦးရေပြား ထိန်းသိမ်းမှု

0727lhair
ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက် အမျိုးမျိုး ပြုပြင်တတ်သူတွေ အနေနဲ့ ဆံသားနဲ့ ဦးရေပြားကို ကောင်းမွန်နေရအောင် ပြုပြင်ပေးမှုနဲ့ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ ဆံပင်သားပါးလွှာသူတို့ သုံးသင့်တဲ့ ပေါင်းဆေး အမျိုးသမီးအများစုဟာ ဆံသား ပါးလွှာတာကို သိပ်ပြီး ကြိုက်နှစ်သက်မှု မရှိလှပါဘူး။ ဆံသား ပါးလွှာတာကို ပျော့ဆေး အများကြီး သုံးမိရင် ပိုပြီး ပြားကပ်နေတတ်ပါတယ်။ ဒါကြောင့် ဆံသား ပါးလွှာသူတွေ အနေနဲ့ သင့်ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေမှာ Cyclome-thicone နဲ့ Dimethicone ဆိုတဲ့ ပေါင်းစပ်မှုတစ်မျိုး ပါဝင်တဲ့ ထုတ်ကုန်ပစ္စည်းမျိုးကို ရွေးဝယ်ပါ။

ဝက်ခြံကို သဘာဝနည်းနဲ့ ကုသရအောင်

0730homem
ဝက်ခြံတွေကို အိမ်တွင်းသဘာဝ ပစ္စည်းတွေနဲ့ သက်သာ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

 -သံပရာရည်နဲ့ နှင်းဆီရည်ကို ဆတူရောပါ။ ပြီးရင် ဝက်ခြံပေါက်နေတဲ့ မျက်နှာအစိတ်အပိုင်းကို လိမ်းပေးပြီး တစ်နာရီကြာ ထားပါ။ ၁၅-၂၀ ရက်ခန့် ဆက်တိုက် ပြုလုပ်ပေးရင် လိုချင်တဲ့ရလဒ်ကို ရရှိစေပါတယ်။

သင့်ဆံကေသာ ကျန်းမာ လှပစေမယ့် Hair Care Tips

0806hair
ဒီလမှာတော့ ရတီ ပျိုမေတွေရဲ့ ဆံကေသာ ကျန်းမာ လှပစေဖို့ အတွက် Hair Care Tips လေး တွေကို ပြောပြချင်ပါတယ်။ သင့်ရဲ့ Hair Style က စတိုင်ကျ လှပနေ မှသာ သင့်ရဲ့ ရုပ်ရည်သွင်ပြင် လှပမှုဟာလည်း ပြည့်ဝစွာ ထွက်ပေါ် လာနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဆံကေသာတွေ လှပဖို့ အတွက် အသုံး တည့်မယ့် လျှို့ဝှက်ချက် ကလေး တွေကို ပြောပြ ချင်ပါတယ်။ ဒီအချက် ကလေးတွေ က သင့်ဆံသားတွေ ကျန်းမာ လှပဖို့ အတွက် အံ့သြဖွယ် ကောင်းလောက်အောင် ကူညီပေးနိုင် တာ ကို တွေ့ရပါ လိမ့်မယ်။ ဆံကေသာ အတွက် လိုအပ်တဲ့ Hair Care Tip လေးတွေကို ပြောပြမှာ မို့လို့ ဖတ်ရှုလေ့လာ ကြည့်ရအောင်နော်။

အအေးမိ၊ နှာစေး ရောဂါ ဝေးအောင်



အအေးမိ၊ နှာစေး ရောဂါ ဝေးအောင်

အအေးမိ (အအေးပတ်) တယ်ဆိုတဲ့ စကားလုံးဟာ မြန်မာ တွေ အတွက် ရင်နှီးပြီးသာပါ။ လူတိုင်း လူတိုင်း တစ်နှစ် ကို တစ်ခါလောက်တော့ ခံစားဖူးကြပါတယ်။ နှာစေး၊ ချောင်းဆိုး ပြီး အဖျားပါ တက်လျှင်တော့ နေရထိုင်ရ အတော်ခက်တတ်ပါတယ်။ သာမန်အားဖြင့် ၄-၅ရက် လောက်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။Delcogen ကဲ့သို့ အအေးမိပျောက်ဆေး ဆိုတာလည်း လူတိုင်းနီးပါး အသုံးပြု ဘူးကြပါတယ်။အအေးမိနှာစေး ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း တစ်ချို့ ကို စာဖတ်သူတွေ စိတ်ဝင်စားမယ် ထင်ပါတယ်။

ကလေးငယ်နှင့်အိပ်ပျက်ရောဂါ


ကလေးငယ်နှင့်အိပ်ပျက်ရောဂါ
ကလေးငယ်တွေအတွက်ပျမ်းမျှအားဖြင့်တစ်နေ့ကိုအိပ်ချိန် (၉)နာရီခန့်လိုပါတယ်။အိပ်ရေးမ၀ခြင်းဟာကလေးတွေရဲ့ပညာရေးနဲ့လူမှုရေး၊ကျန်မာရေးတွေကိုထိခိုက်စေနိုင်ပါတယ်။
အိပ်ရေးပျက်ရင်
(၁)မတော်တဆနဲ့ထိခိုက်ဒဏ်ရာတွေရတတ်ပါတယ်။
(၂)အပြုအမူပိုင်းဆိုင်ရာပြသနာများ
(၃)စိတ်ပိုင်းဆိုင်ရာပြသနာများ
(၄)မှတ်ဥာဏ်၊အာရုံစူးစိုက်မှုနှင့်သင်ကြားရေးဆိုင်ရာပြသနာများ
(၅)စွမ်းဆောင်ရည်ကျဆင်းခြင်း
(၆)နှေးကွေးးလေးလံခြင်း စတဲ့ ပြသနာတွေတွေ့ရတတ်ပါတယ်။

အလှအပနှင့်ကျန်းမာရေး



အလှအပနှင့်ကျန်းမာရေး
(၁)ခြေထောက်အနံ့မထွက်အောင်
ခြောက်သွေတဲ့ခြေထောက်တွေဟာအနံ့အသက်ကင်းပါတယ်။ဒါကြောင့်ခြေအိပ်ကိုရွေးချယ်ရာမှာ စုပ်ယူမှုကောင်းတဲ့ ချည်သားနဲ့ယက်ထားတဲ့ခြေအိပ်တွေကိုရွေးချယ်သင့်ပါတယ်။ရှူးဖိနပ်စီးလျှင်လည်းသားရေ၊ကင်းဘတ်ကဲ့သို့ရှူးဖိနပ်များကိုရွေးချယ်စီးသင့်ပါတယ်။တစ်ပတ်ကို (၃)ကြိမ်ခန့်ခြေထောက်ကိုရေနွေးနဲ့ (၁၀)မိနစ်ခန့်စိမ်သင့်ပါတယ်။လက်ဖက်ခြောက်ထည့်ပြီးညအိပ်ရာမ၀င်ခင်ပြုလုပ်ရပါမယ်။

" နှင်းဆီနှင့် အချစ်အဓိပ္ပါယ် "



" နှင်းဆီနှင့် အချစ်အဓိပ္ပါယ် "


စာအုပ်ထဲ ကတွေ့လို့ ကောင်လေးတွေ ရောကောင်မလေး တွေရော မှတ်ထားသင့်ပါတယ်.....

နှင်းဆီပန်းဟာ အချစ်ရဲ့သင်္ကေတဆိုတာ အားလုံးသိပြီးဖြစ်မှာပါ.....နှင်းဆီပန်းမှာအရောင်အမျိုးမျိုးနဲ့ အဓိပ္ပါယ်အမျိုးမျိုး ကို
အသေးစိတ်ခွဲခြားထားပါတယ်.... ကိုယ်ချစ်တဲ့သူကိုနှင်းဆီပန်းပေးမယ် ဆိုရင်အဓိပ္ပါယ်ခွဲခြားသိမှဖြစ်မယ်.......မဟုတ်ရင်
ကိုယ်ကချစ်ခြင်း မေတ္တာအပြည့်နဲ့ပေးပါလျှက် ...........
ကိုယ်ပေးလိုက်တဲ့ပန်းအရောင်နဲ့အရေအတွက်အရအဓိပ္ပါယ်တစ်မျိုးထွက်သွားနိုင်ပါတယ်
အဲဒါကြောင့်.......ဒါလေးကိုဖတ်ပြီး ကိုယ်ချစ်တဲ့သူတွေကို အဓိပ္ပါယ်အပြည့်နဲ့ပန်းတွေကိုပေးလိုက်ပါ.........

လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အံ့သြဖွယ်ရာအချက်များ



လိင်ဆက်ဆံမှုနှင့် ပတ်သက်သော အံ့သြဖွယ်ရာအချက်များ


၁။အမျိုးသားတွေအတွက် အချိန်ငါးမိနစ်သာလိုပါတယ်။
လေ့လာမှုအသစ်တွေအရ အမျိုးသားတွေအနေနဲ့ အမျိုးသမီးရဲ့စိတ်ကို နှိုးဆွနိုင်ဖို့ ပျမ်းမျှအားဖြင့် အချိန် ၅ဒသမ၇ မိနစ်သာကြာတတ်ပါတယ်လို့ သိရပါတယ်။ စမ်းသပ်မှုအရ အကြာဆုံးအချိန်ဟာ ၅ ဒသမ ၂ မိနစ်ဖြစ်ပြီး အမြန်ဆုံးဟာ ခြောက် စက္ကန့်သာဖြစ်တယ်လို့ သိရပါတယ်။
၂။သင်ရဲ့ဘ၀ဖြစ်စဉ် ပိုကောင်းမွန်စေပါတယ်
လိင်ဆက်ဆံမှုပြုလုပ်တာကြောင့်ခန္ဓာကိုယ်တွင်းမှ ထွက်ရှိလာတဲ့ Dopamine ဟာ ဖန်တီးနိုင်စွမ်းအားနဲ့ ဆက်စပ်မှုရှိတယ်လို့ အမေရိကန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ပုံမှန်လိင်ဆက်ဆံမှုပြုလုပ်သူတွေဟာ အလုပ်မှာ ဖန်တီးနိုင်စွမ်းအား ပိုကောင်းတယ်လို့ ဆိုပါတယ်။

မွေးစကလေးဆံပင်ကို ကြည့်ပြီး ကလေး၏စရိုက်ကို ဖော်ထုတ်ခြင်း



( မွေးစကလေးဆံပင်ကိုကြည့်၍ ကလေး၏စရိုက်ကို ဖော်ထုတ်ခြင်း ) မဟာနွယ် ( ပညာရေး )

နေ့တစ်နေ့၏သက်တမ်းမှာ အာရုဏ်နှင့် ဆည်းဆာကြား၌ တည်ရှိပြီး လူတစ်ဦး၏ ဘ၀တစ်ခုမှာ မွေး ဖွားခြင်း နှင့်သေဆုံးခြင်းကြား၌ ရှိ၏။
လူသည် အကောင်းနှင့်အဆိုးရှိ၏။ ဘ၀ခရီးလမ်းမှာလည်း ကြမ်းတမ်းခြင်း ၊ ညင်သာချောမွေ့ခြင်း တို့နှင့်လည်းကြုံဆုံရပေမည်။
အရေးကြီးသည်မှာ လူ၏ စရိုက်ဗီဇပင် ဖြစ်ပါသည်။ ဗီဇ,စရိုက်သည် မွေးဖွားလာကတည်းကပင် အများအားဖြင့်ပါလာတတ်သည်။
ယင်းဗီဇ,စရိုက်သည် ကောင်းမွန်သော ဗီဇ,စရိုက်ဖြစ်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ပြုပြင်ပေးရန် အရေးကြီး၏။

ကောင်းကောင်း မအိပ်တဲ့ ကလေး၊ ကောင်းကောင်း မအိပ်ရတဲ့ အမေ။



ကောင်းကောင်း မအိပ်တဲ့ ကလေး၊ ကောင်းကောင်း မအိပ်ရတဲ့ အမေ။
ခုတလော အတိုင်ပင်ခံဆရာဝန်တယောက် ကလေးကျန်းမာရေးဆောင်းပါးတွေ သိပ်မရေးဖြစ်ဘဲ ကလေးဖွံ့ဖြိုးမှု ဆောင်းပါးတွေချည်း ဆက်တိုက်ရေးဖြစ်နေသည်။ ရောဂါတွေအကြောင်းက ၂၀၀၁-ခုနှစ်လောက်စ၍ အာရောဂျံ၊ နက္ခတ္တရောင်ခြည်တို့တွင် ရေးသည်မှစလိုက်လျှင် တော်တော်ရေးပြီးနေတာလည်း ပါသည်။ ငယ်သူငယ်ချင်း USA မှ ကလေးအထူးကုဆရာဝန်တဦးက ဖွံ့ဖြိုးမှုဆိုင်ရာ စာကောင်းပေကောင်းကလေးတွေ ပို့ပေးနေတာလည်း ပါသည်။ အဓိကကတော့ ဘယ်သူမှ သိပ်မရေးဖြစ်သော ကွက်လပ်ကို ဖြည့်ချင်တာပါ။ သည်တော့ Wellness. Family. Porfect နှင့် ကလျာတို့တွင် ခုနောက်ပိုင်းရေးသော ဆောင်းပါးများမှာ ဖွံ့ဖြိုးမှုဆိုင်ရာချည့်သာ ဖြစ်နေသည်။

အဖျားတက်နေတဲ့ သားသားမီး မီးကို ပြုစုခြင်း



အဖျားတက်နေတဲ့ သားသားမီး မီးကို ပြုစုခြင်း

ကလေးတွေရဲ့ ပုံမှန် ခန္ဓာကိုယ် အပူချိန်ဟာ ၃၆ ဒီဂရီ စင်တီ ဂရိတ် (၉၆.၈ ဒီဂရီ ဖာရင်ဟိုက်) မှ၃၇ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အတွင်းလို့ သတ်မှတ် ထားပါတယ်။ ၃၇.၇ ဒီဂရီစင်တီစရိတ် (၁၀ဝ ဒီဂရီ ဖာရင်ဟိုက်) ထက် ကျော်လွန် သော မည်သည့် ခန္ဓာကိုယ် အပူချိန်ကိုမဆို အဖျား ရှိနေပြီလို့ ပြောလေ့ ရှိပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာ ကလေးငယ် ဘယ်လောက်လှုပ်လှုပ် ရှားရှား ရှိသလဲပေါ်မှာ မူတည်ပြီး ပြောင်းလဲ နိုင်သလို နေ့၏ အချိန်အခါ ပေါ်မူတည်ပါတယ်။ ဥပမာ နံနက်ခင်းမှာ အပူချိန် အနည်းဆုံး အကျဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ

ကျွမ်းကျင်ပါမှ ရောင်းပန်းလှမယ်


Jul 8, '10 12:58 AM
for everyone

“အရောင်း သမားဆိုတာ မွေးရာပါ မဟုတ်ပါဘူး။  လေ့ကျင့် ပျိုးထောင် ယူထား သူတွေပါ။ အေ၇ာင်းသမား အများစုကြီးအဖို့ အကောင်းတကာ့ အကောင်းဆုံး  ရောင်းချမှုတွေဟာ ကြိုးပန်း အားထုတ်မှု မပါဘဲ အလိုအလျောက်  ရောက်ရှိလာတာ မဟုတ်ပါဘူုး။ ”
ထိတ်ထိတ်ကြဲ အရောင်းသမားကြီးတွေ ပြောလေ့ရှိတာ တစ်ခုရှိပါတယ်။  အဲဒါကတော့ သူတို့ရဲ့ ရောင်းချရေးဆိုင်ရာ အချီအချ ပြောဆို ဆွေးနွေးရတဲ့  ဒိုင်ယာလော့တွေဟာ ရောင်းချခြင်းပြုဖို့ အားထုတ်တာထက် ဖောက်သည်တွေနဲ့   ဦးနှောက် မုန်တိုင်းဆင်မှု (brainstorming) လုပ်နေရတာနဲ့ ပိုပြီး တူညီနေတယ်လို့  ခံစားမိတယ် ဆိုတာပါဘဲ။ သူတို့ရဲ့ ဒိုင်ယာလော့တွေကို ပြေပြစ်ချောမွေ့ပြီး   အကျိုးသက်ရောက်မှု ရှိစေတဲ့ အခြေခံကျသော ကျွမ်းကျင်မှု ခြောက်ရပ်ရှိပါတယ်။

ပင်လယ်စာစား သတိထား



ပင်လယ်စာစား သတိထား
ပင်လယ်ထွက်အစားအစာ (ပင်လယ်စာ)များအနက် အဆိပ်အတောက်ဖြစ်နိုင်သည့်အစာ မြောက်များစွာ ရှိ၏။ ယခင်ကဆိုလျှင် ပင်လယ်ထွက်အစားအစာများကို ကမ်းရိုးတန်းဒေသများတွင်နေထိုင်ကြသူများသာ စားသောက်လေ့ရှိကြသဖြင့် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများအတွက်သာ
 ပြဿနာဖြစ်ခဲ့၏။ သို့သော် ခေတ်မီနည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း သယ်ပိုးနိုင်ပြီဖြစ်ရာ ပင်လယ်နှင့်ဝေးလံသည့် ဒေသများ၌လည်း ပင်လယ်စာ များကို လူအများ စားသုံးနိုင်ကြပြီဖြစ်ပေသည်။ ပင်လယ်စာ (Sea Foods)များကိုသာ သီးသန့်ချက်ပြုတ် ရောင်းချသည့် ဆိုင်များလည်း ခေတ်စားလာနေပြီဖြစ်ရာ ပင်လယ်စာနှင့်ပတ်သက်သည့် အန္တရာယ်များကို လူတိုင်း သိထားသင့်ပေသည်။

လှချင်ရက် စက်စက်ယို’ ဒေါက်မြင့်ဖိနပ်နောက်ကွယ်က ဆိုးကျိုးများ။



လှချင်ရက် စက်စက်ယို’ ဒေါက်မြင့်ဖိနပ်နောက်ကွယ်က ဆိုးကျိုးများ။
 

လှချင်လွန်းအားကြီးလို့သာ ပင်ဆယ်ဟီးအမြင့်ကြီးကို စီးထားရပေမယ့် ခြေသလုံးကြွက်သားတွေကတော့ နာကျင်မှုဒဏ်ကို အလူးအလိမ့်ခံနေရပါတယ်။ မိန်းမသားတို့ သဘာဝအရလူအများရဲ့ လှလိုက်တာလို့ ချီးကျူးပြီး ငေးမောတာခံချင်လို့သာ ဟန်မပျက်နေရပေမယ့် အိမ်ပြန်ရောက်လို့ နားချိန်ရောက် ရင် ခြေထောက်တောင် မထောက်နိုင်လောက်အောင် နာကျင်တဲ့ဒဏ်ကို အလူးအလိမ့် ခံစားရတော့တာ ပါပဲ။ ဒေါက်မြင့်ဖိနပ်အမြင့်စီးပြီး လှလှပပကြွကြွလျှောက်နိုင်တာကို မက်မောလှတဲ့ အမျိုးသမီးများရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။
ဒီလို လှပစမတ်ကျမှုရဲ့ နောက်ကွယ်က အကျိုးဆက်တွေကလည်း များလွန်းလှပါတယ်။ ကိုယ်နေဟန် ထားပြောင်းသွားပြီး အရပ်မြင့်ချင်လို့ ဒေါက်မြင့်ဖိနပ်စီးကြတဲ့ အမျိုးသမီးတိုင်းဟာ ကားပေါ်ကဆင်း ဆယ်လှမ်းလောက်လှမ်း ကားပေါ်ပြန်တက်ဆိုတာချည်း မဟုတ်ပါဘူး။ အလွှာစုံ၊ အဆင့်စုံ ပါဝင်ကြပါတယ်။ လှပမှုရဲ့ နောက်ကွယ်က အကျိုးဆက်လေးတွေကိုလည်း သိထားစေချင်ပါတယ်။
ပင်ဆယ်ဟီးစီးတာရဲ့အကျိုးဆက်လေးများ

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး



ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာအုပ်စု လေးမျိုး

၁။ ကြက်ဥနှင့် ကြက်သား
အမိုင်နိုအက်စစ်တွေက ဆံပင် သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်းတွေ ပါပဲ။ ပရိုတင်းဓာတ် များများရအောင် အသား၊ ငါး၊ ကြက်သား၊ နို့နဲ့ နို့ထွက် ပစ္စည်းတွေ၊ ပဲနို့၊ ဥအမျိုးမျိုး စတာတွေ စားပေးပါ။ ကြက်ဥမှာ များစွာပါဝင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင်ဘီ- ၁၂ က ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားမှာရှိတဲ့ ဆဲလ်တွေကို ကြီးထွားစေပါတယ်။
၂။ ငါးနှင့် အိုမီဂါ- ၃
မပြည့်ဝဆီဖြစ်တဲ့ အိုမီဂါ- ၃ အဆီတွေက ဆံပင်နဲ့ အရေပြားကို ကျန်းမာ သန်စွမ်းစေပါတယ်။ အိုမီဂါ- ၃ အဆီကို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး စတဲ့ ငါးတွေနဲ့ သစ်ကြားသီး၊ မိကျောင်းကွမ်းဖတ်နဲ့ ပဲပိစပ်တွေကနေ များစွာ ရရှိနိုင်ပါတယ်။
၃။ အမဲသား၊ ကမာကောင်နှင့် အစေ့အဆန်
အမဲသားနဲ့ ကမာကောင်တွေမှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ပါက ဆံပင် ကျွတ်စေပါတယ်။ အစေ့အဆန်တွေဖြစ်တဲ့ ဗာဒံစေ့၊ သစ်ကြားသီးတွေကနေလည်း ဇင့်ဓာတ်ကို ရရှိနိုင်ပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ဗီတာမင်အီးတွေ ပါဝင်တာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။
၎။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် စတာတွေမှာ သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင်အေနဲ့ စီက ဆံပင်ရဲ့ အရင်းမှာရှိတဲ့ မွေးညင်း အိတ်လေးတွေ ကနေ အဆီတွေကို ထုတ်လုပ်ပေးပြီး ဆံသားနူးညံ့ ပျော့ပျောင်းစေ တဲ့ ကွန်ဒီရှင်နာအဖြစ် လုပ်ဆောင်ပေးပါတယ်။
လမင်းမောင်

ကြိုတင်သိထားနိုင်သော ဆီးကျိတ်ကင်ဆာ



အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မြို့တော်ဝန် မစ္စတာရူဒီဂူလီယာနီသည် လက်ရှိသမ္မတကတော် မစ္စဟယ်လာရီကလင်တန်နှင့် အထက်လွှတ်တော် အမတ်နေရာအတွက် ယှဉ်ပြိုင်ရန် စိုင်းပြင်းလျက်ရှိသည်။ သူ၏ဖခင်မှာ ဆီးကျိတ်ကင်ဆာရောဂါဖြင့် အသက် ၇၃-နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ထိုရောဂါသည် မျိုးရိုးလိုက်တတ်သဖြင့် အသက် ၄၀-ကျော်ကာလများမှစတင်၍ ရောဂါ၏သဲလွန်စ ရှိမရှိ စစ်ဆေးသင့်ကြောင်း အကြံပေးသဖြင့် နှစ်စဉ်အစစ်ဆေးခံခဲ့သည်။ သမ္မတလောင်း ဖြစ်ခဲ့ဖူးသော ဘော့ပ်ဒိုးလ်၊ ပင်လယ်ကွေ့ စစ်ပွဲကြီးအတွင်းက နာမည်ကြီးခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း နော်မာန်ရှဝပ်စ်ကော့ပါ၊ အဆိုတော် ဟယ်ရီဘီလာဖွန်တီတို့သည်လည်း ထိုသို့ ကြိုတင်စစ်ဆေးကာ သိရှိခဲ့ကြသည်။ ထိုအခါ လိုအပ်သော ကုသမှုများ အလျင်အမြန်ခံယူခဲ့ကြသဖြင့် အသက်ချမ်းသာရာ ရခဲ့ကြောင်း မစ္စတာရူဒီ ကောင်းစွာသိထား သည်။ ထို့ကြောင့်လည်း မှန်မှန်အစစ်ဆေးခံခဲ့သည်။ ယခုနှစ် မေလ ၂၈-ရက်နေ့က သူသည် အသက် ၆၅-နှစ်ပြည့်ခဲ့သည်။



ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာ သက်ရှည်နည်း



ခြေဖဝါးရိုက်ပုတ်ခြင်းဖြင့် ကျန်းမာ သက်ရှည်နည်း
အများအားဖြင့် လူတို့သည် မိမိတို့၏ ခြေနှစ်ဖက်အား အရေးထားလေ့မရှိဘဲ လျစ်လျူရှုထားတတ်ကြပါသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ရှိသော ဦးနှောက်၊ နှလုံး၊ အဆုတ် စသော ကိုယ်အင်္ဂါ အစိတ်အပိုင်းကိုသာ အလေးထားတတ်ပါသည်။

အန္တရာယ်ကင်းအောင် စားသောက်နည်းများ



၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

အကြောက်လွန်ရောဂါ



အကြောက်လွန်ရောဂါ
တစ်ရက်တွင် ကျွန်တော့်မိတ်ဆွေ ကိုမောင်မောင်၏ ဇနီး ဒေါ်မာလာ-က ဖုန်းဆက်၍ ကျွန်တော့်အကူအညီကို တောင်းခံပါသည်။ “ဆရာညို၊ ကျွန်မအိမ်က မွေးစားသမီးလေး တုန်ပြီးဖျားနေလို့ လာကြည့်ပေးပါဦး၊ ကိုမောင်မောင်လဲ အိမ်မှာမရှိလို့ ဖုန်းလှမ်းဆက်ရတာပါ”ဟု သူမက ပြောပါသည်။ ကျွန်တော်လဲ ကောင်းပါပြီ-ဟုဆိုကာ နားကျပ်နဲ့ သေတ္တာကို ကိုင်၍ သူမတို့အိမ်သို့ လမ်းလျှောက်သွားလိုက်ပါသည်။ 

အညောင်းထိုင်များသူအတွက် လေ့ကျင့်ခန်းများ



အညောင်းထိုင်များသူအတွက် လေ့ကျင့်ခန်းများ
(၁) ပက်လက်အိပ်ပါ။ ဒူးကွေးထားပါ။ ခြေဖဝါးကို ကြမ်းပေါ်တွင် အပြားလိုက် ချထားပါ။
- လက်ချောင်းများကို ကျောရိုးအောက်သို့ သွင်းပါ။ ကျောရိုးအနည်းငယ် ခုံးလာမည်။
- ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားများကို အနည်းငယ်တင်း၍ ခြေဖဝါးတစ်ဖက်ကို ရှေ့သို့ရွှေ့ပါ။ ပြီးလျှင် မူလနေရာသို့ ပြန်ထားပါ။

(၂) အထက်ပါ အနေအထားအတိုင်း ပက်လက်လှန်ပါ။ သင့်လက်များကို တင်ဆုံရိုးအောက်သို့ သွင်းပါ။ ဒူးတစ်ဖက်ကို ဘေးသို့ ဖြေညှင်းစွာ ကျပါစေ။ တင်ဆုံရိုးကို တည်ငြိမ်စွာထားပါ။ ပြီးလျှင် ဒူးကို မူလနေရာသို့ ပြန်ထားပါ။

(၃) ဘေးတစ်စောင်း လှဲအိပ်ပါ။ ခေါင်းကို လက်မောင်းပေါ် တင်ထားပါ။ ဒူးများကို ၉၀%ကွေးထားပါ။ ဝမ်းဗိုက်အောက်ပိုင်း ကြွက်သားများကို ကြုံ့၍ အသက်အောင့်ထားပါ။ ဒူးတစ်ဖက်ကို အပေါ်သို့ ၁၀-စက္ကန့်မျှ မ,ထားပါ။
အထက်ပါ လေ့ကျင့်ခန်းများကို ခြေတစ်ဖက်လျှင် ခြောက်ကြိမ်စီ လေ့ကျင့်ပေးပါ။

အံ့သြဖွယ်ရာ နာဗ်ကြောနှစ်ဖြာ



အံ့သြဖွယ်ရာ နာဗ်ကြောနှစ်ဖြာ

“မေမေရေ၊ ပါးပါး မျက်လုံးကြီးက စိတ်ဆိုးရင် သိပ်ပြူးလာတာပဲ၊ အသံကြီးကလဲ ဟိန်းပြီး ထွက်လာတယ်၊ ကြောက်စရာကြီး၊ အဲဒါ ဘာဖြစ်လို့လဲ”ဟု သမီးကြီးက ကျွန်မအား မေးပါသည်။ သမီးငယ်ကလည်း အားကျမခံ “မေမေကျတော့ တစ်ယောက်ယောက်က အော်လိုက် ငေါက်လိုက်ရင် မျက်နှာတွေ နီရဲပြီး မျက်ရည်တွေ ရွှဲလို့၊ ချမ်းလို့ တုန်နေတဲ့အခါလဲ မေမေ့ခြေမွေး၊ လက်မွေးတွေက ထောင်ပြီး အရေပြား တစ်ခုလုံး ဖုလုံးလေးတွေ ထလို့။ အဲဒါ ဘာဖြစ်လို့လဲ”ဟု ထပ်မေးပါသည်။

သွား နှင့် ခံတွင်း ကျန်းမာရေး


 သွားနှင့်ခံတွင်း ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် သင့်ကို နာမကျန်း ဖြစ်စေနိုင်သည့် နည်းငါးသွယ်                                                                  
          နေ့ စဉ် သွားပုံမှန် တိုက်ရင်တောင် သင့်ခံတွင်းထဲမှာ အန္တရာယ် ပေးနိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ဖွား နေနိုင် ပါတယ်။ ဒါက သွားဖုံး သွေးထွက်တာ၊ သွားဖုံးနာတာတွေလို သွားဖုံး ရောဂါတွေကို ဖြစ်စေ နိုင်ရုံသာမက အဓိက ကျန်းမာရေး အန္တရာယ် တွေကိုလည်း ဖြစ်စေ နိုင်ပါတယ်။                                                                                                                 
 (၁)နှလုံးကိုထိခိုက် စေနိုင်ပါတယ်                                                                                                                                    သွားဖုံးရောဂါ ရှိသူတွေက သွားဖုံးရောဂါ မရှိသူတွေထက် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ နှစ်ဆ နီးပါး မြင့် တက် နေပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတာကို  လေ့လာသူတွေက တိတိကျကျ မသိကြ သေးပေမယ့် ပါးစပ်ထဲက ဒီအန္တ ရာယ်ရှိတဲ့ ဘက်တီးရီးယား ပိုးဟာ သွေးကြောထဲကို ဝင်ရောက်ပြီး နှလုံး သွေးကြောတွေထဲမှာ အဆီများတဲ့ သွားချေးတွေ ကပ်  ငြိစေတာကြောင့် ရောင်ရမ်းမှုနဲ့ သွေးခဲနှုန်း မြင့်မားစေကာ နှလုံးရောဂါ ထအောင် လှုံ့ ဆော်မှု ပေးတာ ဖြစ်ပါတယ်။