(က) ဆယ်လ်မွန်ငါး
သိပံ္ပပညာရှင်တွေကတော့
ဒီငါးထက်ပိုကောင်းတဲ့အစားအစာ မရှိဘူးလို့ဆိုကြပါတယ်။
ပထမဆုံးမိခင်ဖြစ်မယ့်သူတွေ အတွက် အာဟာရ ပြည့်ပြည့်ဝဝပါရှိပါတယ်။ သူဟာ
နို့တိုက်မိခင်တွေအတွက် အကောင်းဆုံးအာဟာရတစ်ခုလည်း ဖြစ်ပါတယ်။ တခြားငါးတွေရဲ့
အဆီတွေ လိုပဲ သူ့မှာ DHA တွေ ကြွယ်ဝစွာပါရှိပါတယ်။ DHA ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့
အာရုံကြော ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။
မိခင်တိုင်းရဲ့ နို့ရည်ထဲမှာတော့ DHA ပါဝင်ပေမယ့် DHA ပါဝင်တဲ့ အစားအသောက်တွေကို
စားထားတဲ့မိခင်တွေမှာတော့ ပါဝင်မှုက ပိုမြင့်ပါတယ်။
ငါးထဲမှာပါဝင်တဲ့ DHA ဟာ
မိခင်ဖြစ်သူရဲ့ စိတ်ကို စိတ်ပိုင်းဆိုင်ရာကိုလည်း အားဖြည့်ပေးပါတယ်။
မီးဖွားပြီးတဲ့နောက် ဖြစ်တတ်တဲ့ စိတ်ဓါတ်ကျခြင်းကိုကောင်းစွာ
ထိန်းချုပ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာကတော့ နို့တိုက်မိခင်တွေမှာတော့
စားသောက်မယ့် ပမာဏကို ကန့်သတ်ထားဖို့ပါ။ စားသုံးတာ များသွားရင်
ပြဒါးအဆိပ်သင့်နိုင်တာကြောင့် တစ်ပတ်ကို ၁၂ ပေါင်ထက်ပိုမစားဖို့
အကြံဥာဏ်ပေးထားပါတယ်။ ဒါပေမယ့် တခြားအဆီပါတဲ့ငါးတွေထက်စာရင် ဆော်လ်မွန်ငါးဟာ
ပြဒါးပါဝင်မှု နည်းပါတယ်။
~
(ခ) အဆီပါဝင်မှုနည်းသော နို့နှင့်
နို့ထွက်ပစ္စည်း
နို့တိုက်မိခင်တစ်ယောက်ဟာ ဒိန်ချဉ်၊
နို့၊ ချိစ်၊ ဘာကိုပဲ နှစ်သက်နှစ်သက် နို့ကရတဲ့ အစားအသောက်အားလုံးဟာ သူ့အတွက်
အကျိုးရှိတာချည်းပါပဲ။ နို့ဟာ ပရိုတင်း၊ ဗီတာမင် ဘီ များ၊ ဗီတာမင် ဒီတို့အပြင်
ကယ်လ်စီယမ် အကြွယ်ဝဆုံး အစားအစာပါပဲ။ တကယ်လို့ သင်ဟာ
နို့တိုက်မိခင်တစ်ယောက်ဖြစ်နေမယ်ဆိုရင် သင်သောက်လိုက်တဲ့ နို့ဟာ သင့်ကလေးငယ်ရဲ့
အရိုးအတွက် အလွန်ကို အကျိုးရှိတာကြောင့် သင့်အနေနဲ့
လုံလုံလောက်လောက်စားသုံးပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သင်တနေ့တာစားသောက်မယ့်
အစားအသောက်တွေထဲမှာ နို့ သို့မဟုတ် နို့ထွက်ပစ္စည်းတွေကို ၃ မျိုးလောက် ထည့်သွင်း
သင့်ပါတယ်။
~
(ဂ) အဆီပါဝင်မှုမရှိသော အသားများ
မိခင်ဖြစ်မယ့်အမျိုးသမီးတွေဟာ သူတို့ရဲ့
စွမ်းအင်ကို မြင့်တင်နိုင်ဖို့အတွက် အစားအသောက်တွေကို စဉ်းစားတဲ့အခါမှာ
သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ ဥပမာ-အသားတွေကို ဦးစားပေးပြီး
စဉ်းစားပေးဖို့လိုပါတယ်။ သံဓါတ်ချို့တဲ့ခြင်းဟာ မိခင်ရဲ့ စွမ်းအင်ကို
လျော့ကျစေပြီး ကလေးငယ်အတွက်လိုအပ်တာတွေ ကို ဖြည့်စည်းနိုင်စွမ်းလျော့ကျသွားပါတယ်။
နို့တိုက်နေတဲ့ မိခင် ဆိုရင်လည်း အသားတွေ၊ ဗီတာမင် ဘီ ၁၂ တို့ကို အပိုဆောင်းပြီး
စားပေးသင့်ပါတယ်။ အဆီ၊ အရေခွံတွေမပါတဲ့ အသားတွေက တော့ ဒီ ပစ္စည်း၂မျိုးလုံးကို
ဖြည့်တင်းပေးနိုင်ပါတယ်။
~
(ဃ) ပဲအမျိုးမျိုး
အထူးသဖြင့် အစိမ်းရင့်ရောင်ရှိတဲ့
အသီးတွေ၊ ပဲကြီး၊ ပဲနီပြားတွေဟာ အကောင်းဆုံးအစားအစာပါပဲ။ အထူးသဖြင့်
အသီးအရွက်ကိုချည်း စားချင်နေတဲ့ နို့တိုက်မိခင်များအတွက် အသင့်တော်ဆုံးပါပဲ။
သူတို့မှာ သံဓါတ်ကြွယ်ဝစွာပါတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ ပရိုတင်းကိုလည်း
ဖြည့်ဆည်းပေးနိုင်ပါတယ်။
~
(င) ဘလူးဘယ်ရီ
နို့တိုက်မိခင်တွေအနေနဲ့ တနေ့ကို
သစ်သီး သို့မဟုတ် သစ်သီးဖျော်ရည် ၂ မျိုး၊ ၃ မျိုးလောက် စားသုံးပေးရပါမယ်။
ဖြစ်နိုင်မယ်ဆိုရင် ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါတဲ့ အသီးအနှံတွေကို
ဦးစားပေးပြီး စားပေးသင့်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်အတွက်လိုအပ်နေတဲ့ ဗီတာမင်နဲ့
သတ္တုဓါတ်တွေကို ဖြည့်တင်းပေးနိုင်ရုံသာမက မိခင်တွေကိုလည်း ကျန်းမာနေ စေပါတယ်။
~
(စ) ဆန်လုံးညို
တကယ်လို့
သင့်ကလေးငယ်ရဲ့ကိုယ်အလေးချိန်ကို လျော့ချဖို့အတွက် ထမင်းကိုလျော့စားရမယ်လို့
စဉ်းစားထားလိုက်တယ် ဆိုပါတော့။ ဒါပေမယ့် ကိုယ်အလေးချိန်ကို အလျင်အမြန်လျော့ချဖို့ကြိုးစားလိုက်တဲ့အချိန်မှာ
ကလေးအတွက် နို့ထုတ်ပေးနိုင်မှု လျော့နည်းလာပြီး သင့်ကိုလည်း နုံးလာစေပါတယ်။
ဒါကြောင့် ကျန်းမာရေးအတွက် အသင့်တော်ဆုံးဖြစ်မယ့် ဆန်လုံးညိုကို စားပေးပြီး
လိုအပ်တဲ့ ကစီဓါတ်နဲ့ စွမ်းအင်ကို ရနိုင်ပါတယ်။ ဆန်လုံးညိုကရတဲ့ ကစီဓါတ်ဟာ
ကလေးငယ်ကို နို့ချိုတိုက် ကျွေးဖို့အတွက် အကောင်းဆုံးသော ကစီဓါတ်ပါပဲ။
~
(ဆ) လိမ္မော်သီး
အရသာရှိပြီး အာဟာရဓါတ်ြ<ွကယ်ဝတဲ့
လိမ္မော်သီးဟာ မိခင်လောင်းတွေအတွက်တော့ စွမ်းအင်ကို မြှင့်တင်ပေး နိုင်စွမ်း
အမြင့်ဆုံး အစားအစာပါပဲ။ နို့တိုက်မိခင်တစ်ယောက်ဟာ ကိုယ်ဝန်ဆောင်တွေထက် ဗီတာမင်
စီကို ပိုလိုအပ်တာကြောင့် လိမ္မော်သီး အပါအဝင် တခြားသော အသီးအနှံတွေကို
ပိုစားပေးသင့်ပါတယ်။ သရေစာမုန့်စားမယ့်အစား လိမ္မော်သီးကို စားပေးပါက မိခင်ရော
ကလေးငယ်အတွက်ပါ အကျိုးရှိတဲ့ ဗီတာမင် စီကို ရနိုင်တာကြောင့် အလေးအနက်ထားသင့်ပါတယ်။
~
(ဇ) ဥအမျိုးမျိုး
ဥအနှစ်တွေဟာ ဗီတာမင် ဒီ ကိုရနိုင်တဲ့
အရင်းအမြစ်တွေထဲက ရှားပါးပြီး အဖိုးတန်လှတဲ့ အရင်းအမြစ်ပါပဲ။ မိခင်ရဲ့
အရိုးတွေသန်မာအောင်ထိန်းထားဖို့၊ ကလေးငယ်ရဲ့
အရိုးတွေကောင်းစွာဖွံ့ဖြိုးဖို့အတွက်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရပါ။ ဒါ့အပြင်
နေ့စဉ်လိုအပ်နေတဲ့ ပရိုတင်းကိုပါ ဖြည့်စွက်ပေးနေတာကြောင့် နေ့စဉ်စားသောက်တဲ့
အစားအစာတွေမှာ ဥတွေကို ထည့်သွင်းထားသင့်ပါတယ်။ နံနက်စာစားသောက်ချိန်၊ နေ့လည်စာ၊
ညစာတွေမှာ ကြက်ဥပါအောင် ကြိုးစားသင့်ပါတယ်။
~
(ဈ) ပေါင်မုန့်ညို
ကိုယ်ဝန်ဆောင်ချိန်ရဲ့ အစောဆုံးကာလမှာ
ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံးလိုအပ်ပစ္စည်းဟာ ဖောလစ်အက်ဆစ် ပါပဲ။
ဒါပေမယ့် အဲဒီလိုအပ်မှုဟာ ရပ်တန့်မသွားပါဘူး။ ကလေးငယ်ရဲ့
ကျန်းမာရေးကောင်းမွန်မှုအတွက် မိခင် ရဲ့ နို့ရည်ထဲမှာ ပါဝင်ရမယ့် အရေးကြီးတဲ့
ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် မိခင်တစ်ယောက်အနေနဲ့ ဖောလစ်အက်ဆစ် ကို လုံလုံလောက်လောက်ရနိုင်စေဖို့
ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ပါစတာ စတာတွေကို အလေးထားပြီး စားပေးသင့်ပါတယ်။
သူတို့ဟာ မိခင်တွေကို ကျန်းမာနေစေဖို့ အမျှင်ဓါတ်နဲ့ သံဓါက်ကိုလည်း ပေးနိုင်ပါတယ်။
.
(ည) အစိမ်းရောင် အရွက်များ
အစိမ်းရင့်ရောင်အရွက်တွေကနေ ရနိုင်တဲ့
အကျိုးအမြတ်တွေဟာ အရမ်းများပါတယ်။ ကလေးငယ်အတွက် လိုအပ်နေတဲ့ ဗီတာမင် အေ တွေကို
သူတို့က ပေးနိုင်ပါတယ်။ သူတို့ဟာ နို့ထွက် ပစ္စည်းတွေမဟုတ်ပေမယ့် ကယ်လ်စီယမ်ကို
ပေးနိုင်သလို ဗီတာမင် စီနဲ့ သံဓါတ်လည်းြ<ွကယ်ဝကြပါတယ်။ ကျန်းမာရေးကို
အထောက်အကူပြုတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ခြင်း၊ ကယ်လိုရီနည်းခြင်း၊
အာဟာရတန်ဖိုးမြင့်တက်ခြင်း၊ အရသာကို တိုးစေတာကြောင့် ဖြည့်စွက်စားပေးရပါမယ်။
~
~
နှင်းနုလွင်
(ဆေးဝါး)










No comments:
Post a Comment